တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အဓိကအခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်သွန်နီနှင့် ကြက်သွန်ဖြူသည် လက်ရှိကာလတွင် အခြားတိုင်းဒေသကြီးများမှ အဓိကတင်သွင်းဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း ဝယ်လိုအားနှင့်အညီ ရောင်းဝယ်လျက် ရှိပါသည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို အများအားဖြင့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ပခုက္ကူဒေသများမှ ကားလမ်းကြောင်းဖြင့် တင်ပို့လာကြပြီး မြိတ်မြို့ရှိ စျေးများနှင့် ပွဲရုံများသို့ ဖြန့်ချိရောင်းချလျက် ရှိပါသည်။ လက်ရှိအချိန်တွင် မြိတ်မြို့သို့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ဝင်ရောက်မှု သည် ပုံမှန်ရှိနေသော်လည်း သယ်ယူပို့ဆောင်ရေးစရိတ်နှင့် ကုန်ပစ္စည်းဝယ်လိုအားအပေါ် မူတည်၍ ဈေးနှုန်းများမှာ အနည်းငယ် ပြောင်းလဲလျက်ရှိကြောင်း သိရှိရပါသည်။ စားသုံးသူများအနေဖြင့် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို နေ့စဉ် အသုံးပြုမှုများရှိနေသဖြင့် ဈေးကွက်အတွင်း ဝယ်လိုအားမှာ ပုံမှန်ရှိနေပြီး ဈေးနှုန်းများမှာ အချို့အချိန်များတွင် အနည်းငယ် အတက်အကျရှိနိုင်ကြောင်း သိရှိရပါသည်။ မြိတ်မြို့တွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို မြိတ်မြို့ဆိပ်ငယ် ဈေးကြီးနှင့် စမ်းချောင်းကုန်စိမ်းများတွင် နေ့စဉ်အရောင်းအဝယ်သွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူများသည် အဓိက မပါမဖြစ်သော စားဖိုချောင်သုံးဖြစ်သည့်အပြင် အလွယ်တကူ ဝယ်ယူချက် စားရသော အသီးအနှံတစ်မျိုးလည်း ဖြစ်ပါသည်။
၂၀၂၆ခုနှစ်၊ မတ်လတတိယပတ်၌ မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကြက်သွန်နီတစ်ပိဿာလျှင် (၃၀၀၀) ကျပ်မှ (၃၅၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ခန့် ရှိကြောင်း မြိတ်မြို့ကုန်စုံဆိုင်များမှ သိရှိရပါသည်။
Source: https://www.doca.gov.mm
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ကြက်သွန်နီနှင့်ကြက်သွန်ဖြူဈေးနှုန်း/ဈေးကွက်
Category:
Local News