မကွေးတိုင်းဒေသကြီးအတွင်းမှာ ငရုတ်သီးခြောက်စျေးဟာ ပြီးခဲ့တဲ့နှစ်တွေထက် စံချိန်တင်မြင့်တက်နေပြီး လက်ရှိအချိန်ထိလည်း စျေးမြင့်တက်နေဆဲဖြစ်တယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။ လက်ရှိမှာတော့ ငရုတ်သီးခြောက်တစ်ပိဿာကို ကျပ်နှစ်သောင်းဝန်းကျင်စျေးဖြစ်
ငရုတ်ထွက်ရှိမှုအနေနဲ့ကတော့ မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းတစ်လျှောက်က ထွက်ရှိသလို ကျောက်ဆည်၊ မန္တလေးဘက်ကထွက်ရှိတဲ့ ငရုတ်တွေကိုလည်း ဝယ်ယူရောင်းချကြတာပါ။ မကွေးတိုင်းဒေသကြီးအတွင်းက ထွက်ရှိတဲ့ ငရုတ်သီးခြောက်ကို ရခိုင်၊ မြဝတီနဲ့ ရန်ကုန်တို့ကို အဓိကရောင်းချနေတယ်လို့ သိရပါတယ်။ ငရုတ်သီးခြောက်ကို ပင်နံသီးနဲ့ ပန်းရဲအပွသီးဆိုပြီး နှစ်မျိုးခွဲကာရောင်းဝယ်နေပြီး ပင်နံသီးကတော့ စျေးပိုကြီးတယ်လို့ ဆိုပါတယ်။ ငရုတ်သီးခြောက်စျေးမြင့်တက်မှု
Source: https://t.me/htwettoe