Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့မှ (၁၃) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၈၆) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိ ကန်ဒေါ်လာ (၀.၀၀၈၄) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၉၄၄) ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

     မောတောင်ကုန်သွယ်ရေးစခန်းမှ ဩဂုတ်လ ( ၉ )ရက်နေ့မှ ( ၁၃ ) ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၄၇.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၀) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၂.၀၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၇၈)သန်း၊ ဂဏန်း(အသေ) (၂.၄)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၀၂၈)သန်း၊ ဂျင်းခရု (အရှင်) (၁၉.၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၉၄)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၈၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၆၈)သန်း၊ ငှက်ပျောသီး (၄၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၃)သန်း ၊ ငရုတ်သီးစိမ်း (၁၅.၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၄)သန်း၊ ဆီအုန်းကြိတ်ဖတ် (၁၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၈၉)သန်း၊ ကြက်သွန်နီ (၈၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၄၃၄) သန်း၊ တံမြက်စည်း (၁၂၀၀၀)U၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၄)သန်း တင်ပို့နိုင်ခဲ့ပြီး  အဓိက  တင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၃.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ  (၀.၀၀၁၀)  သန်း၊  ပုစွန်စာ  (၁၅) တန်၊  တန်ဖိုး  ကန်ဒေါ်လာ (၀.၀၀၄၇)သန်း၊ ကြွေပြား (၈၀၀)M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၇) သန်း ဖြစ်သည်။

     မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်း မှာ - ငါးမျိုးစုံ (၁၀၄၃.၈၄) ဒေါ်လာနှုန်း၊ (၄၇.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၈၀၄.၈၈) ဒေါ်လာနှုန်း၊ (၂.၀၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇၈) သန်း၊ ဂဏန်း (အသေ) (၁၁၆၆.၆၇) ဒေါ်လာနှုန်း၊ (၂.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၈)သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၀) ဒေါ်လာနှုန်း၊ (၁၉.၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၉၄)သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၈၄) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၆၈) သန်း၊ ငှက်ပျောသီး (၃၀၇.၅) ဒေါ်လာနှုန်း၊ (၄၀) တန်၊ ကန်ဒေါ်လာ (၀.၀၁၂၃) ဒေါ်လာသန်း၊ ငရုတ်သီးစိမ်း (၈၁၅.၇၉) ဒေါ်လာနှုန်း၊ (၁၅.၂) တန်၊ ကန်ဒေါ်လာ (၀.၀၁၂၄) ဒေါ်လာ သန်း၊ ဆီအုန်းကြိတ်ဖတ် (၈၉) ဒေါ်လာနှုန်း၊(၁၀၀) တန်၊ ကန်ဒေါ်လာ (၀.၀၀၈၉) ဒေါ်လာသန်း၊ ကြက်သွန်နီ (၅၁၀.၅၉) ဒေါ်လာနှုန်း၊(၈၅) တန်၊ ကန်ဒေါ်လာ (၀.၀၄၃၄) ဒေါ်လာသန်း၊ တံမြက်စည်း (၀.၂) ဒေါ်လာနှုန်း၊(၁၂၀၀၀) U၊ ကန်ဒေါ်လာ (၀.၀၀၂၄) ဒေါ်လာသန်း ဖြစ်သည်။

     မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏(၁) တန်ဈေးနှုန်း မှာ - သစ်သီး (၂၈၅.၇၁) ဒေါ်လာနှုန်း၊ (၃.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁) သန်း၊ ပုစွန်စာ (၃၁၃.၃၃၃) ဒေါ်လာနှုန်း၊ (၁၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၄၇) သန်း၊ ကြွေပြား (၁)M2၏ ဈေးနှုန်းမှာ (၃.၃၇၅)ဒေါ်လာနှုန်း၊ (၈၀၀)M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၇) သန်း ဖြစ်ပါသည်။

     မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁)စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News