Local News

မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁-၈-၂၀၂၃ မှ၁၃-၈-၂၀၂၃ထိ) တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

     ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဩဂုတ်လ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီး ဩဂုတ်လ (၁-၈-၂၀၂၃မှ ၁၃-၈-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၆၆၇) ဒေါ်လာသန်း၊ သွင်းကုန် (-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၆၆၇) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၄၃.၅၉%) ဆောင်ရွက် နိုင်ခဲ့ပြီဖြစ် ပါတယ်။

     မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိတယ်။ ဩဂုတ်လ (၁-၈-၂၀၂၃ မှ ၁၃-၈-၂၀၂၃ထိ) တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှာဂျင်း (အစို) (၃၃၆.၂၅) တန်၊ တန်ဖိုး (၀.၁၅၀) ဒေါ်လာသန်း၊ ဒညင်းသီး (၄၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာ သန်း၊ နနွင်းတက် (၅)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ ကွမ်းသီး(၂)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာ သန်း၊ ထန်းလျက် (၁.၅)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း (၃၃၀.၃၁၁) တန်၊ တန်ဖိုး (၀.၄၁၉)ဒေါ်လာသန်း၊ ငါးနီတူခြောက်(၃) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ ငါးကုန်းညိုခြောက် (၈.၅)တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ ငါးစုံလေးခြောက် (၅၄.၅)တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း၊ ငါးခေါင်းပွ (၆.၂၀၅)တန်၊ တန်ဖိုး(၀.၀၁၆)ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်း များမှာ ဇီးယိုထုပ် (၃)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ဆန်ကြာဆံ (၁) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ထွန်းရွှေဝါလိမ်းဆေး (၂)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ သနပ်ခါးခဲ (၂)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ မုန့်ဖတ်ခြောက် (၀.၅)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း တင်ပို့ခဲ့တယ်။ သွင်းကုန်အပိုင်းတွင် ဩဂုတ်လ (၁-၈-၂၀၂၃ မှ ၁၃-၈-၂၀၂၃)ထိ တင်သွင်းနိုင်ခြင်းမရှိခဲ့။

     မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ဂျင်း(အစို) (၁)တန်လျှင်(၂၀၀)ဒေါ်လာ၊ ဒညင်းသီး(၁)တန်လျှင်(၃၀၀)ဒေါ်လာ၊ ငါးမြစ်ချင်း (၁)တန်လျှင် (၁၂၆၆)ဒေါ်လာ၊ ငါးခေါင်းပွ (၁)တန်လျှင် (၁၃၀၆)ဒေါ်လာ၊ ငါးကုန်းညိုခြောက် (၁)တန်လျှင် (၁၈၃၀) ဒေါ်လာ၊ ငါးစုံလေးခြောက်(၁)တန်လျှင် (၆၃၀)ဒေါ်လာ၊ ဇီးယိုထုတ် (၁)တန်လျှင်  (၃၃၀)ဒေါ်လာ၊ ငါးနီတူခြောက် (၁)တန်လျှင် (၃၁၅၀)ဒေါ်လာ၊ နနွင်းတက် (၁)တန်လျှင် (၅၆၂)ဒေါ်လာ၊ ကွမ်းသီး (၁)တန် လျှင် (၁၀၀၀)ဒေါ်လာ၊    ထန်းလျက် (၁)တန်လျှင်  (၈၈၀)ဒေါ်လာ၊   ဆန်ကြာဆံ (၁)  တန်လျှင် (၁၀၀၀) ဒေါ်လာ၊ ထွန်းရွှေဝါလိမ်းဆေး (၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ သနပ်ခါးခဲ (၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ မုန့်ဖတ်ခြောက် (၁)တန်လျှင် (၁၁၀၀)ဒေါ်လာ ဈေးနှုန်းရှိတယ်။                                               

     မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဝင်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တောလမ်း ကြောင်းတို့ဖြစ်ပြီး ယခုအခါ စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်းမှကုန်ပစ္စည်းများ အဓိကဝင်ရောက်လျက်ရှိပြီး ကညင်ချောင်း စီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့ တင်ပို့လျက်ရှိသည်။ စစ်တွေမှ မောင်တောသို့ အတက်ကုန်ကားခ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရတယ်။

Source: https://commerce.gov.mm

Category: Local News