Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

     လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၉-၈-၂၀၂၃) မှ (၁၃-၈-၂၀၂၃)ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ပြောင်း (၂၂.၀၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ ပဲတီစိမ်း (၂၂.၀၀) တန်၊ တန်ဖိုး(၀.၀၁၅)ဒေါ်လာသန်း၊ ရော်ဘာ (၁၆၅) တန်၊ တန်ဖိုး (၀.၂၁၅) ဒေါ်လာ သန်းတင်ပို့နိုင်ခဲ့သည်။

    ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၆၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ ရော်ဘာ တစ်တန်လျှင် (၁၃၀၀) ဒေါ်လာ၊ Aluminium Ingotတစ်တန်လျှင် (၁၇၅၂) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှ လွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်း သိရှိရသည်။

     ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ဆေးဝါးပစ္စည်း (၅၇၄၆၄၀) U ၊ တန်ဖိုး (၀.၀၉၅) ဒေါ်လာသန်း၊ စက္ကူလိပ် (၆၂.၀၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ ဓါတ်မြေဩဇာ (၁၅၀.၀၀) တန်၊ တန်ဖိုး (၀.၀၅၂) ဒေါ်လာသန်း၊ ပိတ်လိပ် (၅၄.၁၀) တန်၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း၊ ထွန်စက် (၅) U ၊ တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊ ကော်စေ့ (၁၃.၅၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်း၊ ပီနံအိတ် (၃၉.၅၀) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၆၀.၀၀) တန်၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်း၊ တာယာ (၄၀) U ၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ပတ္တာကြိုး (၂၈.၀၀) တန်၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်း၊ ကုန်စုံ (၂၇၀.၁၅) တန်၊ (၂၄၇၉၃) U ၊ (၅၀၀) PR ၊ တန်ဖိုး (၀.၀၂၄၅) ဒေါ်လာသန်းတို့အများဆုံး တင်သွင်းနိုင်ခဲ့သည်။

    သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀)ဒေါ်လာ၊ ဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈) ဒေါ်လာ၊ စက္ကူလိပ် တစ်တန် လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင် (၇၉၇)ဒေါ်လာ၊ ကော်စေ့ တစ်တန်လျှင် (၁၀၀၀)ဒေါ်လာ၊ ပိတ်လိပ်တစ်တန်လျှင် (၅၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ် (၁) စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့် ကုန်စုံ တစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

      ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက်  (ကျောက်စခန်း) -  စိန်လုံ - လွယ်ဂျယ်  လမ်းကြောင်းအတိုင်း  တင်ပို့လျက်ရှိပြီး  သွင်းကုန်ပစ္စည်းများအား  လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း) -ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News