Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

     မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၃-၈-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၁.၀၄၉) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၀.၅၄၁) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၁.၅၉၀) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၄၂၃.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၉၇) သန်း၊ ဆန်ကွဲ (၁၀၂.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၄၃) သန်း၊ နနွင်းတက် (၉၃.၃၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၀) သန်း၊ ရာဘာ (၇၀.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၂) သန်း၊ ပုစွန်ဖွဲ (၆၆.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၂) သန်း၊ ငါးရှဉ့် (၆၂.၀၈၀) တန်၊ တန်ဖိုး (၀.၁၈၇) ဒေါ်လာသန်း၊ ကြေးနီ (၃၄.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၈) သန်း၊ ပဲလွန်း (၃၃.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၀) သန်း၊ ငါးမှုန့်(၃၃.၀၀၀) တန် ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀) သန်းနှင့် လျှော်ဖြူ (၁၇.၅၀၇) တန်၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်းတို့ ဖြစ်သည်။

     အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန်ဒေါ်လာ (၀.၀၅၂) သန်း၊ ဒီဇယ်မီးစက်တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၄) သန်း၊ ဘယ်ယာ ရိန်များ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၉) သန်း၊ အရက်တံဆိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၈) သန်း၊ ဖိနပ်အမျိုးမျိုး တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၇) သန်း၊ ပလပ်စတစ်လိပ်  တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၆) သန်း၊ စီထရစ်အက်ဆစ် တန်ဖိုးကန်ဒေါ်လာ (၀.၀၂၅) သန်း၊ ပန်းသီးတန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀) သန်း ၊ စက်ဘီးများတန်ဖိုး ကန်ဒေါ်လာ (၀.၀၁၈) သန်းနှင့် စက္ကူဘူးတန်ဖိုး ကန်ဒေါ်လာ (၀.၀၁၆) သန်းတို့ ဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့မှ (၁၃) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၁၃.၅၂၃) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၁၀.၃၆၉) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၂၃.၈၉၂) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၃.၀၈၂၅) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခ ကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိသည်။

     (၁၃-၈-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ကြက်သွန်နီ (၁) တန်လျှင် ကန်ဒေါ်လာ (၄၆၆.၆၆၆) နှုန်း၊ ဆန်ကွဲ(၁) တန်လျှင် ကန်ဒေါ်လာ (၄၁၈.၆၈၉) နှုန်း၊ နနွင်းတက် (၁) တန်လျှင် ကန်ဒေါ်လာ (၅၃၈.၄၃၄) နှုန်း၊ ရော်ဘာ (၁) တန်လျှင် ကန်ဒေါ်လာ (၁၃၀၇.၄၂၇) နှုန်း၊ ပုစွန်ဖွဲ (၁)တန်လျှင် ကန်ဒေါ်လာ (၄၇၉.၉၅၇) နှုန်း၊ ငါးရှဉ့် (၁)တန်လျှင် ကန်ဒေါ်လာ (၃၀၀၉.၈၁၆) နှုန်း၊ ကြေးနီ(၁) တန်လျှင် ကန်ဒေါ်လာ (၂၈၇၇.၇၉၁) နှုန်း၊ ပဲလွန်း (၁) တန်လျှင် ကန်ဒေါ်လာ (၅၉၃.၉၈၁) နှုန်း၊ ငါးမှုန့်(၁) တန်လျှင် ကန်ဒေါ်လာ (၆၀၀.၀၀၀) နှုန်း ၊ လျှော်ဖြူ(၁) တန်လျှင် ကန်ဒေါ်လာ (၁၇၅၂.၆၃၃) နှုန်း တင်ပို့နိုင်ခဲ့သည်။

     (၇-၈-၂၀၂၃) ရက်နေ့ မှ (၁၃-၈-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများမှာ ငါးရှဉ့် (၄၂၆.၆၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၂၈၃)သန်း၊ ကြက်သွန်နီ (၂၆၇၇.၆၂၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၁၃၄) သန်း၊ ကဏန်း (၁၅၇.၈၇၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၆၀၁) သန်း၊ ပြောင်း (၁၇၇၁.၁၁၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၄၉၇) သန်း၊ ဝါဂွမ်း (၂၄၉.၀၁၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၄၄၃) သန်း၊ ရာဘာ (၃၁၉.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၄၁၆) သန်း၊ ကြေးနီ (၁၃၈.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၉၉) သန်း၊ ငါးမှုန့် (၅၃၇.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၂၄) သန်း၊ သီဟိုဠ်စေ့(အခွံမပါ) (၆၃.၂၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၁၃) သန်းနှင့် ပဲတီစိမ်း (၃၉၄.၇၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၂၇၂) သန်းတို့ ဖြစ်သည်။

     (၇-၈-၂၀၂၃) ရက်နေ့ မှ (၁၃-၈-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန် ဒေါ်လာ(၁.၄၀၁) သန်း၊ စက်သုံးဆီ တန်ဖိုးကန်ဒေါ်လာ (၀.၃၀၇) သန်း၊ ဒီဇယ်မီးစက် တန်ဖိုးကန်ဒေါ်လာ (၀.၁၈၇) သန်း၊ မီးခံအုတ် တန်ဖိုး ကန်ဒေါ်လာ (၀.၁၇၆) သန်း၊  သွပ်လိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၁၅၂) သန်း၊ သံချောင်းလုံး တန်ဖိုးကန် ဒေါ်လာ (၀.၁၄၃) သန်း၊ ပန်းသီး တန်ဖိုး ကန်ဒေါ်လာ (၀.၁၃၉) သန်း၊ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ တန်ဖိုး ကန်ဒေါ်လာ (၀.၁၂၃) သန်း၊ စပျစ်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၁) သန်းနှင့် ပလပ်စတစ်လိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၉) သန်းတို့ဖြစ်သည်။

     (၇-၈-၂၀၂၃) ရက်နေ့ မှ (၁၃-၈-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ (၃၀၀၇.၉၃၁) နှုန်း၊ ကြက်သွန်နီ (၁) တန်လျှင် ကန်ဒေါ်လာ (၄၂၃.၅၀၆) နှုန်း၊ ကဏန်း (၁)တန်လျှင် ကန်ဒေါ်လာ (၃၈၀၅.၇၇၉) နှုန်း၊ ပြောင်း(၁) တန်လျှင် ကန်ဒေါ်လာ (၂၈၀.၆၀၂) နှုန်း၊ ဝါဂွမ်း (၁) တန်လျှင် ကန်ဒေါ်လာ (၁၇၇၉.၀၁၂) နှုန်း၊ ရော်ဘာ(၁) တန်လျှင် ကန်ဒေါ်လာ (၁၃၀၃.၈၄၄) နှုန်း၊ ကြေးနီ (၁) တန်လျှင် ကန်ဒေါ်လာ (၂၈၇၈.၂၁၇) နှုန်း၊ ငါးမှုန့် (၁) တန်လျှင် ကန်ဒေါ်လာ (၆၀၂.၇၉၁)နှုန်း၊ သီဟိုဠ်စေ့(အခွံမပါ) (၁) တန်လျှင် ကန်ဒေါ်လာ (၄၉၅၆.၆၈၃) နှုန်း၊ ပဲတီစိမ်း (၁) တန်လျှင် ကန်ဒေါ်လာ (၆၉၀.၂၆၁) နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

     မူဆယ်ဒေသမှ တရုတ်နိုင်ငံသို့ ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြန်မာပြည်အနှံ့အပြားမှ မူဆယ်၊ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်း/တင်ပို့ ကြရသည်ဖြစ်သဖြင့် ကုန်သွယ်မှုဆောင်ရွက်နေသည့် လုပ်ငန်းရှင်/ကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်လုပ်ထုံး/လုပ်နည်းများ အချိန်နှင့်တပြေးညီ သိရှိအောင်ဆောင်ရွက်သင့်သည်။ ထို့အပြင် ကုန်သွယ်ဖက်နိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍လည်း ၎င်းတို့၏ မူဝါဒလုပ်ထုံးလုပ်နည်းများသိရှိအောင် ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုကိစ္စရပ်များအား တစ်ဖက် တစ်လမ်းမှအထောက်အကူပြုနိုင်မည်ဖြစ်သည်။

   ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ ရာသီဥတုနှင့် လမ်းကြံ့ခိုင်မှုအခြေအနေ၊ နယ်မြေ ဒေသအခြေအနေတို့ကို ကုန်သည်လုပ်ငန်းရှင်များအချင်းချင်းချိတ်ဆက်သတင်းရယူခြင်း၊ သက်ဆိုင်ရာ ကုန်သည်အသင်းအဖွဲ့များ၊ ညီနောင်အသင်းများဖြင့် ချိတ်ဆက်ခြင်းအပြင် လိုအပ်ပါကသက်ဆိုင်ရာ အစိုးရဌာနများသို့ သတင်းပို့တင်ပြခြင်းများ ဆောင်ရွက်သင့်သည်။ တင်သွင်း/ တင်ပို့လိုသည့် ကုန်ပစ္စည်းအမယ်အသစ်များရှိပါကလည်း သက်ဆိုင်ရာ အစိုးရဌာနများသို့ သတင်းပို့ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်သည်။ လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News