International News

ပြည်တွင်းဂျုံဈေးနှုန်းကို ထိန်းထားရေးအတွက် ရုရှားဂျုံများဝယ်ယူတင်သွင်းရန် အိန္ဒိယနိုင်ငံ ဆွေးနွေး

Last Updated:

     အိန္ဒိယနိုင်ငံသည် ရုရှားဂျုံများကို လျှော့ဈေးဖြင့် ဝယ်ယူတင်သွင်းရေးအတွက် ရုရှားတာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်း ရိုက်တာသတင်းဌာနက ယ‌နေ့(ဩဂုတ်လ ၁၇) ရက်နေ့တွင် ဖော်ပြခဲ့သည်။ ပြည်တွင်းဈေးကွက်၌ ဂျုံဖြည့်ဆည်းပေးနိုင်စွမ်းကို မြှင့်တင်ရေး၊ ပြည်တွင်းစားသောက်ကုန်ဈေးနှုန်းများကြီးမြင့်မှုကို ထိန်းချုပ်ရေးတို့အတွက် ရုရှားဂျုံများ ဝယ်ယူတင်သွင်းရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရ သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

     အိန္ဒိယအစိုးရသည် လာမည့်နှစ် အမျိုးသားရွေးကောက်ပွဲများမတိုင်မီ ပြည်တွင်းဂျုံဈေးနှုန်း မြင့်တက်မှုကိုထိန်းချုပ်ရေးအတွက် ရုန်းကန်နေရသည်။ သို့သော် ရုရှားဂျုံများ ဝယ်ယူတင်သွင်းမည်ဆိုပါက ဂျုံဈေးကွက်အတွင်း၌ ဂျုံဈေးနှုန်းလျှော့ချရေးအတွက် အိန္ဒိယအစိုးရအနေဖြင့် တိုက်ရိုက်ကြားဝင်စွက်ဖက်နိုင်မည်ဖြစ်သည်။

     အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည်နှစ်များအတွင်း နှစ်နိုင်ငံဆွေးနွေးပွဲသဘောတူညီချက် များဖြင့် ဂျုံကို ဝယ်ယူတင်သွင်းမှု မရှိခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ပြည်တွင်း ဂျုံဈေးနှုန်းကို လျှော့ချရေးအတွက် ရုရှားဂျုံကို တန်ချိန် သုံးသန်းမှ လေးသန်းထိသာ တင်သွင်းရန်လိုအပ်သော်လည်း အကျိုးသက်ရောက်မှု ပိုမိုအားကောင်းရေးအတွက် ရုရှား ဂျုံကို တန်ချိန်ရှစ်သန်းမှ ကိုးသန်းထိ ဝယ်ယူတင်သွင်းသွားဖွယ်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: International News