Local News

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့မှ (၁၁)ရက်နေ့ အထိကုန်သွယ်မှုအခြေအနေ

Last Updated:

     မြန်မာ-ဘင်္ဂလားဒေရှ့်နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၅) ရက်နေ့မှ (၁၁)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန် ဒေါ်လာ (၀.၁၀၇၀) သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ (-)သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၀၇၀)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရသည်။

     တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့်မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၂၁၆)တန်၊ တန်ဖိုး (၀.၀၂၁၆) ဒေါ်လာ၊  ဇီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်း ဖြင့် (၁၆၇)တန်၊ တန်ဖိုး (၀.၀၁၉၂) ဒေါ်လာ၊ ဂျင်းအစို (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၅၀)နှုန်းဖြင့် (၁၁၆)တန်၊ တန်ဖိုး (၀.၀၅၂၂) ဒေါ်လာနှင့်ဇီးယိုထုပ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀)နှုန်းဖြင့် (၈)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာ၊ အုန်းသီးခြောက် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀)နှုန်းဖြင့် (၃၀)တန်၊ တန်ဖိုး (၀.၀၀၉)ဒေါ်လာ၊ နနွင်းတက် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၀၀)နှုန်းဖြင့် (၁) တန်၊ တန်ဖိုး (၀.၀၀၁၂)ဒေါ်လာနှင့် တံမြက်စည်းကြမ်း (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀)နှုန်းဖြင့် (၆)တန်၊ တန်ဖိုး (၀.၀၀၁၈)ဒေါ်လာတို့ကို တင်ပို့နိုင်ခဲ့သည်။

     ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၆)တာကာနှင့် (၁)တာကာလျှင် (၂၉.၅၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်ပစ္စည်း သယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ် (၁)ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ် ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနဗ်သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀) ကျပ်ခန့်ရှိကြောင်း သိရှိရသည်။

     ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံအကြား ရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင်ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများ သွားလာလျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News