Local News

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့မှ (၈)ရက်နေ့အထိကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေတင်ပြခြင်း

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့မှ (၈) ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန်ဒေါ်လာ (၀.၀၃၄၆)သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ (-) သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၃၄၆)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရသည်။

တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၀၀) နှုန်းဖြင့် (၆၈)တန်၊ တန်ဖိုး (၀.၀၀၆၈) ဒေါ်လာသန်း၊  ဆီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်း ဖြင့် (၆၁)တန်၊ တန်ဖိုး (၀.၀၀၇၀) ဒေါ်လာသန်း၊ ဂျင်းအစို (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၅၀) နှုန်း ဖြင့် (၄၄)တန်၊ တန်ဖိုး(၀.၀၁၉၈) ဒေါ်လာသန်းနှင့် ဆီးယိုထုပ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀) နှုန်း ဖြင့် (၄)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်းတို့ကို တင်ပို့နိုင်ခဲ့သည်။

ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၈) တာကာနှင့် (၁)တာကာလျှင် (၂၉.၈၀) ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁)ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁) ပိဿာလျှင်(၄၀၀-၄၅၀)ကျပ်ရှိကြောင်း သိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ် သင်္ဘော တင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀)ကျပ် ခန့်ရှိကြောင်း သိရှိရသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများသွား လာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့်(၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်းသိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားရေ မိုင်(၇၀) ခန့်ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်းအခြေအနေမှာ မိုးရာသီကာလ အတွင်းပင်လယ်ပြင်ရာသီဥတု အခြေအနေပေါ်မူတည်၍ ကုန်တင်လှေများသွားလာလျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့မှ (၈)ရက်နေ့အတွင်းကုန်စည်ပေါက်ဈေး

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့မှ(၈)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွှေပေါက်ဈေး မှာ (၁) အောင်စလျှင် (၂၁၃၄၃၈.၀၀) တာကာနှင့် အခြေခံစားကုန်ဈေးနှုန်းများမှာ ဆန်(အဖြူ) (၁) ကီလို (၇၅.၀၀)တာကာ၊ ကြက်သွန်နီ (၁) ကီလို (၇၅.၀၀) တာကာ၊ အာလူး (၁) ကီလို (၄၅.၀၀) တာကာ၊ ခရမ်းချဉ်သီး (၁) ကီလို (၁၅၀.၀၀) တာကာ၊ ကြက်သား (၁) ကီလို (၂၉၀.၀၀) တာကာ၊ ကြက်ဥ (၁) ဒါဇင် (၁၅၅.၀၀)တာကာဈေးရှိကြောင်း သိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်းငွေလဲနှုန်းမှာ (၁)တာကာလျှင် (၂၉.၈၀) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိကထား ထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကိုတင်းကြပ်စွာ တားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News