Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ပို့ကုန်/သွင်းကုန် ကုန်သွယ်နိုင်မှု အခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့မှ(၁၀) ရက်နေ့အထိ ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၂၆၅၆) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုးအမေရိကန် ဒေါ်လာ (၀.၀၂၃၇) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၈၉၃) ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာလ(၆)ရက်နေ့မှ( ၁၀ ) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၅၅.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၃၅)သန်း၊ ရွှံ့ဂဏန်း(အရှင်)(၅.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀၉)သန်း၊ ဂျင်းခရု (အရှင်) (၁၆.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၄၂)သန်း၊ ဂုံး(အရှင်) (၄.၇)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၁၈) သန်း၊ ဂဏန်း(အသေ) (၁.၄) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၇)သန်း၊ ရေခူဆားနယ်  (၁၅.၈) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၉၉)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၂)သန်း၊ ငှက်ပျောသီး (၅၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅)သန်း၊ ငရုတ်သီးစိမ်း (၁.၁) တန်၊တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၉)သန်း၊ ကြက်သွန်နီ (၉၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၉၁) သန်း၊ တံမြက်စည်း (၃၃၀၀၀) U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆၆)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိက တင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၄)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၂) သန်း၊ ငါးသေတ္တာဘူးခွံ (၁၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၄)သန်း၊ ကြွေပြား (၁၆၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၃)သန်း၊ ပုစွန်သားပေါက်အကောင်ရေ (၄.၂)သန်း၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၁၄၈) သန်းဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏(၁)တန်ဈေး နှုန်းမှာ - ငါးမျိုးစုံ (၁၁၅၀.၃၆) ဒေါ်လာနှုန်း၊ (၅၅.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၃၅)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၈၀၀) ဒေါ်လာနှုန်း၊ (၅.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀၉) သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၃.၁၁) ဒေါ်လာနှုန်း၊ (၁၆.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၄၂) သန်း၊ ဂုံး (အရှင်) (၂၅၁၀.၆၄) ဒေါ်လာနှုန်း၊ (၄.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၈) သန်း၊ ဂဏန်း (အသေ)(၁၂၁၄.၂၉)ဒေါ်လာနှုန်း၊ (၁.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၇) သန်း၊ ရေခူဆားနယ် (၁၈၉၂.၄၁) ဒေါ်လာနှုန်း၊ (၁၅.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၉၉) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂) သန်း၊ ငှက်ပျောသီး (၃၀၀) ဒေါ်လာနှုန်း၊ (၅၀) တန်၊ ကန်ဒေါ်လာ (၀.၀၁၅) ဒေါ်လာသန်း၊ ငရုတ်သီးစိမ်း (၈၁၈.၁၈) ဒေါ်လာနှုန်း၊(၁.၁) တန်၊ ကန်ဒေါ်လာ (၀.၀၀၀၉) ဒေါ်လာသန်း၊ ကြက်သွန်နီ (၈၂၃.၉၆) ဒေါ်လာနှုန်း၊(၉၆) တန်၊ ကန်ဒေါ်လာ (၀.၀၇၉၁) ဒေါ်လာသန်း၊ တံမြက်စည်း (၁)ချောင်းလျှင် (၀.၂) ဒေါ်လာနှုန်း၊ (၃၃၀၀၀) U၊ ကန်ဒေါ်လာ (၀.၀၀၆၆) ဒေါ်လာသန်းဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏(၁) တန်ဈေးနှုန်းမှာ - သစ်သီး (၃၀၀) ဒေါ်လာနှုန်း၊ (၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၂) သန်း၊ ငါးသေတ္တာဘူးခွံ (၂၄၀) ဒေါ်လာနှုန်း၊ (၁၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၄) သန်း၊ ကြွေပြား (1 M2 ) လျှင် (၃.၃၁၂၅) ဒေါ်လာနှုန်း၊ (၁၆၀၀) M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၃) သန်း၊ ပုစွန် သားပေါက်အကောင်ရေ (၁)သန်းဈေးနှုန်းမှာ (၃၅၂၃.၈၁) ဒေါ်လာနှုန်း၊  အကောင်ရေ (၄.၂)သန်း၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၄၈) သန်း ဖြစ်သည်။

မြိတ်မှမောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁)စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့်ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိသည်။

မောတောင်ကုန်သွယ်ရေးစခန်း၏ ကျပ်၊ ဘတ် ငွေလဲနှုန်း

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့်ဘဏ် စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၉-၉-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာမြန်မာငွေကျပ် (၁) သိန်းလျှင်ဘတ်(၁၁၄၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ်(၈၇.၇၁) ကျပ် ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးကျခဲ့ပါကြောင်း သုံးသပ်သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News