Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/ သွင်းကုန်ကုန်သွယ်နိုင်မှု

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂-၉-၂၀၂၃ မှ ၈-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ (၁၇၄.၅) တန်၊ တန်ဖိုး (၀.၃၆၄)ဒေါ်လာသန်း၊ ကြက်သွန်နီ (၃၀) တန်၊ တန်ဖိုး (၀.၀၁၇)ဒေါ်လာသန်း၊ ရော်ဘာစေး(၈၀)တန်၊ တန်ဖိုး(၀.၀၆၆)ဒေါ်လာသန်း၊ ဆေးရွက်ကြီး (၂၂) တန်၊ တန်ဖိုး (၀.၀၃၅) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၅၁၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်ဖြစ်သော ပြောင်းသည် ဩဂုတ်လ(၃၁) ရက်တွင် ထိုင်းနိုင်ငံမှ နှစ်စဉ်ပေးသည့် အခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးပြီဖြစ်၍ ပြောင်းတင်ပို့မှု မရှိတော့ဘဲ ကြက်သွန်ဖြူ/ကြက်သွန်နီ တင်ပို့မှု ယခင်ထက် ပိုမိုလာကြောင်း တွေ့ရှိရသည်။ ယခုတစ်ပတ် တင်ပို့မှုတွင် ပါဝင်သော ဆေးရွက်ကြီး (၂၂) တန်မှာ တာချီလိတ်ကုန်သွယ်ရေး စခန်းတွင်ပို့ကုန်ကြေငြာလွှာ(ED) ဖွင့်လှစ်၍ ကျိုင်းလပ်ကုန်သွယ်ရေးစခန်းမှတဆင့် တစ်ဖက်တရုတ်နိုင်ငံသို့တင်ပို့ခြင်းဖြစ်ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၉၆၄) ဘတ်ဖြစ်ပေါ်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News