Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၅-၉-၂၀၂၃) ရက်နေ့မှ (၈-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ပြောင်း၊ ငရုတ်၊ ဂေါ်ဖီ၊ နှမ်း၊ ကြက်သွန်နီ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက်၊ သီဟိုဠ်စေ့၊ ‌ရေထွက်ပစ္စည်းဖြစ်သည့် ငါးကြင်းဆီဖောင်း၊ CMP ပစ္စည်းများ၊ ခဲနှင့် ငါးဖမ်းပိုက်ကွန်တို့ကို တင်ပို့ခဲ့ပါသည်။ 

(၅-၉-၂၀၂၃) ရက်နေ့မှ (၈-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကွမ်းသီး၊ ငရုတ်၊ ကြက်သွန်နီနှင့် CMP ပစ္စည်းများဖြစ်ပါသည်။ ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအားမြှင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက်  လို်င်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်းစစ်ဆေး မှုများ တွင် ဦးစီးပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

(၅-၉-၂၀၂၃) ရက်နေ့မှ (၈-၉-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စက်ဘီးအပိုပစ္စည်း၊ အဝတ်အထည်၊ စာရေးကိရိယာ၊  ကားအပိုပစ္စည်း၊  ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းနှင့်ယာဉ်ယန္တရားများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ အိမ်သုတ်ဆေး၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ GARMENT ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊  အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများနှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့သည်။

(၅-၉-၂၀၂၃) ရက်နေ့မှ (၈-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ အဝတ်အထည်၊ GARMENT ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့် စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်သည်။ ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၃.၀၉) ရှိပြီး ယခုအပတ်တွင် (၉၈.၀၃) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ် ကျဆင်းခဲ့သည်။

(၂-၉-၂၀၂၃ မှ ၈-၉-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁)တန်လျှင် (733.646) ဒေါ်လာဖြင့် (2390.800)တန်  (1.754) ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၁)ယူနစ်လျှင် (9.387) ဒေါ်လာဖြင့် (95134) U (0.893)‌ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (1629.874) ဒေါ်လာဖြင့် (145.410)တန် (၀.237)ဒေါ်လာသန်း၊ ငရုတ်သီး (စိမ်း) (အစို) (၁) တန်လျှင် (383.374) ဒေါ်လာဖြင့် (378.221)တန် (၀.၁45)ဒေါ်လာသန်း၊ ကွမ်းသီး (၁)တန်လျှင် (1498.617) ‌ဒေါ်လာဖြင့် (405.040)တန် (0.607) ဒေါ်လာသန်း၊ နှမ်းဖြူ (၁)တန်လျှင် (1938.503) ‌ဒေါ်လာဖြင့် (14.960)တန် (0.029) ဒေါ်လာသန်း၊ နှမ်းညို (၁)တန်လျှင် (1566.667) ‌ဒေါ်လာဖြင့် (60)တန် (0.094) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (200.922) ဒေါ်လာဖြင့် (542.500) တန် (0.109) ဒေါ်လာသန်း၊ ပြောင်း (၁) တန်လျှင် (277.186) ဒေါ်လာနှင့် (1248.260)တန် (0.346) ဒေါ်လာသန်း နှင့် သတ္တုနှင့်သတ္တုရိုင်းများ(၁)တန်လျှင် (1395.652)‌ ဒေါ်လာဖြင့် (230) တန် (0.321) ဒေါ်လာသန်း တို့ဖြစ်သည်။

(၂-၉-၂၀၂၃ မှ ၈-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (4.600) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (1.389) ဒေါ်လာသန်း၊ လေအေးစက်များ (0.970) ဒေါ်လာသန်း၊ စက်နှင့်စက်အပိုပစ္စည်းများ (0.901) ဒေါ်လာသန်း၊ ဆပ်ပြာ (0.895) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (0.831) ဒေါ်လာသန်း၊ ဘတ္တရီအခြောက်များ (0.807) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ (0.738) ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ (0.665) ဒေါ်လာသန်းနှင့် အခြား စက္ကူများ (0.766) ဒေါ်လာသန်းတို့ ဖြစ်သည်။ မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(6.488)ကန်ဒေါ်လာသန်း၊ သွင်းကုန်(26.952)ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (33.440) ကန်ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News