Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၉-၉-၂၀၂၃) ရက်နေ့မှ (၁၁-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ နှမ်း၊ ကြက်သွန်နီ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက်၊ မြေပဲ၊ နနွင်းမှုန့်၊ ရေထွက်ပစ္စည်းဖြစ်သည့် ငါးကြင်းဆီဖောင်း၊ ငါးပူတင်းခြောက်၊ CMP ပစ္စည်းများနှင့် တွင်းထွက်ပစ္စည်း များဖြစ်သည့် ခဲ/ သတ္တုတို့ကို တင်ပို့ခဲ့ပါသည်။ 

(၉-၉-၂၀၂၃) ရက်နေ့မှ (၁၁-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကွမ်းသီး၊ ငရုတ်၊ ကြက်သွန်နီနှင့် CMP ပစ္စည်းများဖြစ်ပါသည်။ ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအားမြှင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လို်င်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်း စစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

(၉-၉-၂၀၂၃) ရက်နေ့မှ (၁၁-၉-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စက်ဘီးအပိုပစ္စည်း၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းနှင့် ယာဉ်ယန္တရားများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ အိမ်သုတ်ဆေး၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ GARMENT ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ၊ ဓာတ်မြေဩဇာနှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။

(၉-၉-၂၀၂၃) ရက်နေ့မှ (၁၁-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ  အဝတ်အထည်၊ GARMENT ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း၊ စက်နှင့်စက် အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်ပါသည်။ ပြင်ပငွေလွှဲနှုန်းငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၀၃) ကျပ်ရှိပြီး ယခုအပတ်တွင် (၉၆.၁၅) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ် ကျဆင်းခဲ့ပါသည်။

(၂-၉-၂၀၂၃ မှ ၈-၉-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁)တန်လျှင် (၇၃၃.၆၄၆) ဒေါ်လာဖြင့် (၂၃၉၀.၈၀၀)တန်  (၁.၇၅၄) ဒေါ်လာသန်း၊ ချုပ်ပြီး အထည် (၁)ယူနစ်လျှင် (၉.၃၈၇) ဒေါ်လာဖြင့် (၉၅၁၃၄) U (၀.၈၉၃)‌ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (၁၆၂၉.၈၇၄) ဒေါ်လာဖြင့် (၁၄၅.၄၁၀)တန် (၀.၂၃၇) ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၃၈၃.၃၇၄) ဒေါ်လာဖြင့် (၃၇၈.၂၂၁)တန် (၀.၁၄၅)ဒေါ်လာသန်း၊ ကွမ်းသီး (၁)တန်လျှင် (၁၄၉၈.၆၁၇) ‌ဒေါ်လာဖြင့် (၄၀၅.၀၄၀)တန် (၀.၆၀၇) ဒေါ်လာသန်း၊ နှမ်းဖြူ (၁)တန်လျှင် (၁၉၃၈.၅၀၃) ‌ဒေါ်လာဖြင့် (၁၄.၉၆၀)တန် (၀.၀၂၉) ဒေါ်လာသန်း၊ နှမ်းညို (၁)တန်လျှင် ( ၁၅၆၆.၆၆၇) ‌ဒေါ်လာဖြင့် (၆၀)တန် (၀.၀၉၄) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် ( ၂၀၀.၉၂၂) ဒေါ်လာဖြင့် (၅၄၂.၅၀၀) တန် (၀.၁၀၉) ဒေါ်လာသန်း၊ ပြောင်း (၁) တန်လျှင် (၂၇၇.၁၈၆) ဒေါ်လာနှင့် (၁၂၄၈.၂၆၀) တန် (၀.၃၄၆ ဒေါ်လာသန်းနှင့် သတ္တုနှင့် သတ္တုရိုင်းများ (၁)တန်လျှင် (၁၃၉၅.၆၅၂)‌ ဒေါ်လာဖြင့် (၂၃၀) တန် (၀.၃၂၁) ဒေါ်လာသန်းတို့ဖြစ်ပါ သည်။

(၂-၉-၂၀၂၃ မှ ၉-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၄.၆၀၀) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၁.၃၈၉) ဒေါ်လာသန်း၊ လေအေးစက်များ (၀.၉၇၀) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၉၀၁) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၈၉၅) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၈၃၁) ဒေါ်လာသန်း၊ ဘတ္တရီအခြောက်များ (၀.၈၀၇) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ (၀.၇၃၈) ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ (၀.၆၆၅) ဒေါ်လာသန်းနှင့် အခြား စက္ကူများ (၀.၇၆၆) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၁ ရက်နေ့ အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၈.၁၄၇) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၃၉.၈၈၀) ကန် ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ (၄၈.၀၂၇) ကန်ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News