Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၂) ရက်နေ့ မှ (၁၂)ရက်နေ့အထိ ကုန်သွယ်မှုသတင်း

Last Updated:

တစ်ဖက်နိုင်ငံ၊ တရုတ်ပြည်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၁၃)ရက်နေ့အထိ ဆန်မာ တစ်အိတ်လျှင် (၂၁၀) ယွမ်၊ ဆန်ပျော့တစ်အိတ်လျှင် (၂၈၀) ယွမ်၊ ဆန်ကွဲတစ်အိတ်လျှင် (၁၅၀) ယွမ်နှင့် ပြောင်း တစ်အိတ်လျှင် (၁၂၅) ယွမ်ဈေး ပေါက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

တစ်ဖက်နိုင်ငံ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာတွေ့ရှိရသဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်(နမ့်ဖာဟော်) ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှစ၍ တရုတ်နိုင်ငံမှ ယာယီပိတ်ထားခဲ့ရာမှ နမ့်ဖာဟော်တံတားကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ခဲ့သည်။ သို့ရာတွင် နှစ်နိုင်ငံ လူအဝင်အထွက်အား တစ်ဖက်နိုင်ငံမှ ခွင့်ပြုထားခြင်းမရှိသေးသည့်အတွက် ယာဉ်မောင်းများသည် နမ့်ဖာဟော် တံတားပေါ်တွင် ယာဉ်ချိန်းပြောင်းသည့်စနစ်ဖြင့် မောင်းနှင်ခဲ့ရသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက် နေ့ (၁၀:၀၀) အချိန်တွင် နှစ်နိုင်ငံ လူအဝင်/အထွက်အား ပြန်လည် ဖွင့်လှစ်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၁၃) ရက်နေ့ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁၀၀)လျှင် တရုတ်ယွမ် (၀.၂၂၅) ယွမ်ဖြစ်ပြီး၊ (၁)ယွမ်လျှင် (၄၄၅) ကျပ်ရှိကြောင်း၊ ၁၆ ပဲ အခေါက်ရွှေ (၁) ကျပ်သား (၇၈၆၅) ယွမ်၊ မြန်မာငွေကျပ် (၃၅၀၀၀၀၀) ရှိကြောင်း သိရှိရသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ(၂)ရက်နေ့မှ (၁၂) ရက်နေ့ အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၉.၅၆၇) ဒေါ်လာသန်း၊ သွင်းကုန် (၂၆.၀၁၆) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၃၅.၃၈၃)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာရော်ဘာ (၂၀၃၃.၂၉၀)တန်၊ တန်ဖိုး (၂.၄၆၄) ဒေါ်လာသန်း၊ ပဲတီစိမ်း (၂၂၈၈.၇၅၀)တန်၊ တန်ဖိုး (၁.၆၄၅)ဒေါ်လာသန်း၊ ပဲယင်း (၂၀၁၉.၉၄၄)တန်၊ တန်ဖိုး (၁.၆၃၁)ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၁၁၂၁.၂၉၉) တန်၊ တန်ဖိုး (၀.၆၉၄)ဒေါ်လာသန်း၊ မြေထောက်ပဲ (၃၅၃.၁၄၀)တန်၊ တန်ဖိုး (၀.၅၂၈)ဒေါ်လာသန်း၊ ပြောင်း (၁၇၂၇.၅၀)တန်၊ တန်ဖိုး (၀.၄၈၈) ဒေါ်လာသန်း၊ ဆန်ကွဲ (၇၉၉.၅၀)တန်၊ တန်ဖိုး (၀.၃၂၆)ဒေါ်လာသန်း၊ စွန်တာနီပဲ (၄၉၂.၀၀၀) တန်၊ တန်ဖိုး (၀.၂၉၄) ဒေါ်လာသန်း၊ မြေပဲဆံ (၁၁၉.၀၀)တန်၊ တန်ဖိုး (၀.၁၉၀)ဒေါ်လာသန်းနှင့် ပဲနီကြား(၃၅၈.၀၀၀)တန်၊ တန်ဖိုး (၀.၁၇၅)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၅.၅၂၀)ဒေါ်လာသန်း၊ ချည်ထည်များ (၄.၀၈၉)ဒေါ်လာသန်း၊ ဓာတ်မြေဩဇာ (၁.၀၃၈) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၆၉၃)ဒေါ်လာသန်း၊ အင်ဂျင်များ (၀.၆၃၄)ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့်ဆက် သွယ်ရေးကိရိယာများ (၀.၆၁၁)ဒေါ်လာသန်း၊ ဇာနှင့် ဇာထိုးထားသောအထည်အလိပ်များ (၀.၆၀၃) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၅၄၄)ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်း(လုပ်ငန်းသုံး) (၀.၄၈၄) ဒေါ်လာသန်း နှင့်ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၄၅၃) ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့သည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန် ကားခ တစ်ပိဿာလျှင် (၈၀) ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာ လျှင် (၁၇၀) ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅) ကျပ် ရှိကြောင်းသိရသည်။ လယ်ယာထွက် ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာနှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News