Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၁၂-၉-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေးလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပို့ကုန်လိုင်စင် လျှောက်ထား/ ထုတ်ပေးမှုမရှိဘဲ  သွင်းကုန်လိုင်စင် (၁၄၂)စောင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။

မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ (၄၇)စောင်ဖြစ်ပြီး ကဏန်း၊ ငါးရှဉ့်၊ ဆန်ကွဲ၊ အေးခဲငါး၊ သကာရည်၊ ငရုတ်သီး၊ အချိုရည်၊ သီဟိုဠ်စေ့တို့လျှောက်ထားမှုရှိပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၁၂ ရက်အထိ စုစုပေါင်း Form E (၃၆၆)စောင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပို့ကုန်အမှန်တင်ပို့မှုအနေဖြင့် ခဲသွပ်အရော  သတ္တု (၀.၃၂၅)ဒေါ်လာသန်း၊ ဆန် (၀.၂၄၀)ဒေါ်လာသန်း၊ ငါးရှဉ့် (၀.၁၅၁)ဒေါ်လာသန်း၊ ရော်ဘာ (၀.၁၂၄) ဒေါ်လာသန်း၊ ကြေးနီ (၀.၀၉၈)ဒေါ်လာသန်း၊ ပြောင်းဖူးစေ့ (၀.၀၉၆)ဒေါ်လာသန်း၊ ကဏန်း (၀.၀၈၅) ဒေါ်လာသန်း၊ ဆန်ကွဲ (၀.၀၈၃)ဒေါ်လာသန်း၊ သီဟိုဠ်စေ့ (၀.၀၈၀)ဒေါ်လာသန်း၊ သကာရည် (၀.၀၆၅) ဒေါ်လာသန်းတို့ အများဆုံးတင်ပို့ခဲ့ပါသည်။

သွင်းကုန်အမှန်တင်သွင်းမှုအနေဖြင့် ယာဉ်နှင့်ယာဉ်ယန္တရားများ (၀.၃၆၇) ဒေါ်လာသန်း၊ ဓါတ်ဆီ (၀.၁၈၀) ဒေါ်လာသန်း၊ ဒီဇယ်ဆီ (၀.၁၄၂)ဒေါ်လာသန်း၊ စတီးပိုက် (၀.၁၃၉)ဒေါ်လာသန်း၊ သံဘောင် (၀.၀၅၈)ဒေါ်လာသန်း၊ ကြွေပြား (၀.၀၄၆)ဒေါ်လာသန်း၊ ဓါတ်ဆီကာဗရိုက်တာ (၀.၀၄၀) ဒေါ်လာသန်း၊ ပန်းသီး (၀.၀၃၉) ဒေါ်လာသန်း၊ ဖိနပ်အမျိုးစုံ (၀.၀၂၃)ဒေါ်လာသန်း၊ သံပိုက် (၀.၀၂၁) ဒေါ်လာသန်း အများဆုံးတင်သွင်းခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်တွင် ပို့ကုန်ယာဉ်စီးရေ (၉၁)စီး၊ သွင်းကုန်ယာဉ်စီးရေ (၈၂)စီး၊ စုစုပေါင်း (၁၇၃)စီး၊ ပို့ကုန်(၁.၅၃၆) ဒေါ်လာသန်းနှင့် သွင်းကုန်(၁.၄၆၁)ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၂ ရက်အထိ ပို့ကုန်ယာဉ်စီးရေ (၈၂၃)စီး၊ သွင်းကုန်ယာဉ်စီးရေ (၁၅၆၈)စီး ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာ ငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း ၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိပါသည်။

မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ (၁)တန်လျှင် (၅၂၀၀-၅၉၀၀) ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀)ယွမ်၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဧည့်မထဆန် (၁)တန်လျှင် (၃၄၀၀)ယွမ်၊ ဆန်ကွဲ (A 1:2) (၁)တန်လျှင် (၃၀၀၀)ယွမ်၊ ရော်ဘာRSS-3(၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်း အဝယ်ပြုလုပ်နေ ကြောင်းသိရှိရပါသည်။

ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့် ပစ္စည်းများ၏ တန်ဖိုးအတိုင်း တစ်ဖက်နိုင်ငံဝယ်ယူသည့် ကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း ဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် (12-9-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန် ဒေါ်လာ (1.536) သန်း ၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (1.461) သန်း ၊ ကုန်သွယ်မှုပမာဏ ကန် ဒေါ်လာ (2.997) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံးအမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ခဲသွပ်အရောသတ္တု (၅၅၈.၅၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၂၅) သန်း၊ ဆန် (၅၃၈.၂၅) တန် ၊ တန်ဖိုးကန်ဒေါ်လာ (၀.၂၄၀) သန်း၊ ငါးရှဉ့် (၅၀.၂၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၅၁) သန်း၊ ရော်ဘာ (၁၀၃.၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၂၄) သန်း၊ ကြေးနီ (၃၄.၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၉၈) သန်း၊ ပြောင်းဖူးစေ့(၃၄၁.၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၆) သန်း၊ ကဏန်း(၂၂.၂၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၅)သန်း၊ ဆန်ကွဲ (၂၀၄.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၈၃) သန်း၊ သီဟိုဠ်စေ့ (၁၆.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၀) သန်းနှင့် သကာရည် (၁၉၇.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၆၅) သန်းတို့ ဖြစ်ပါသည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့်ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ (၀.၃၆၇) သန်း၊ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၁၈၀) သန်း၊ ဒီဇယ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၁၄၂) သန်း၊ စတီးပိုက် တန်ဖိုး ကန်ဒေါ်လာ(၀.၁၃၉) သန်း၊ သံဘောင် တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၈) သန်း၊ ကြွေပြား တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၆) သန်း၊ ဓာတ်ဆီကာဗရိုက်တာ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၀) သန်း၊ ပန်းသီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၉) သန်း၊ ဖိနပ်အမျိုးမျိုး တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၃) သန်းနှင့် သံပိုက် တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၁) သန်းတို့ ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ (၁၂) ရက်နေ့ထိ  ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ   (၁၄.၃၆၃) သန်း ၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၂၇.၈၁၉) သန်း ၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၄၂.၁၈၂) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCS စနစ်အရငွေလဲနှုန်းမှာတစ်ယွမ်လျှင် (၂၈၈.၀၂၆) ကျပ်ဖြစ်ပါသည်။ လက်ရှိတွင်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News