Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ကုန်သွယ်နိုင်မှု

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလ မှ ဩဂုတ်လထိ) ပို့ကုန်ကန်ဒေါ်လာ (၂၈.၉၉၃) သန်း၊ သွင်းကုန်ကန်ဒေါ်လာ (၄၃.၁၅၉) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၇၂.၁၅၂) သန်း ဆောင် ရွက်နိုင်ခဲ့ပါသည်။ (၁၂-၉-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူတန်ချိန် (၄၇.၅) တန်၊ တန်ဖိုး (၀.၁၀၀)ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇) တန်၊ တန်ဖိုး (၀.၀၄၃)ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်း တန်ချိန် (၃၆) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တာချီလိတ်မြို့နယ်အတွင်း ပြည်သူများ အဓိကထားသုံးစွဲနေသည့် ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်း အနေ ဖြင့် (၁၂-၉-၂၀၂၃) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၁၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News