Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (10-9-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၀-၉-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (1.092) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (1.753) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (2.845) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် (45.000) တန်၊ တန်ဖိုး ကန်ဒေါ်လာ (0.135) သန်း၊ ရာဘာ(၁၀၂.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၂၂) သန်း၊ အလူမီနီယံသတ္တု (၆၈.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၂၂) သန်း၊ ပြောင်း (၄၀၀.၇၃၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၄) သန်း၊ ဆန်ကွဲ (၂၇၂.၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၁၁၀) သန်း၊ ကြက်သွန်နီ (၁၅၂.၀၀၀) တန်၊ တန်ဖိုး(၀.၀၉၉)ဒေါ်လာသန်း၊ ကြေးနီ (၃၄.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၉၆) သန်း၊ ငါးမှုန့် (၁၃၆.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၈၂) သန်း၊ ဆီးဆံ (၂၅.၅၀၀) တန် ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၂) သန်းနှင့် ကဏန်း (၁၂.၂၂၅) တန်၊ တန်ဖိုး (၀.၀၄၆) ဒေါ်လာသန်းတို့ဖြစ်ပါသည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများတန်ဖိုး ကန်ဒေါ်လာ (၀.၃၇၇)သန်း၊ ကိတ်မုန့်စက်ရုံပစ္စည်းများ တန်ဖိုးကန်ဒေါ်လာ(၀.၁၀၀) သန်း၊ တဆေး တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၃) သန်း ၊ စပျစ်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၃) သန်း၊ ပန်းသီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၉) သန်း၊ ကော်စေ့ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၆) သန်း၊ သံချောင်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၉) သန်း၊ ကြွေပြား တန်ဖိုး ကန်ဒေါ်လာ(၀.၀၃၆)သန်း၊ သံပိုက် တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၄) သန်းနှင့် လေအေးပေးစက် တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၄) သန်းတို့ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁) ရက်နေ့မှ (၁၀) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ(၁၁.၇၄၃)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၂၂.၈၁၆) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၃၄.၅၅၉) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (288.026) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရ ပါသည်။

အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိပါသည်။

(၁၀-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ငါးရှဉ့်(၁) တန်လျှင် ကန်ဒေါ်လာ(3000.684) နှုန်း ၊ ရော်ဘာ (၁) တန်လျှင် ကန်ဒေါ်လာ (၁၁၉၈.၀၅၁) နှုန်း၊ အလူမီနီယံသတ္တု (၁)တန်လျှင် ကန်ဒေါ်လာ(၁၇၉၇.၀၃၅) နှုန်း၊ ပြောင်း (၁) တန်လျှင် ကန်ဒေါ်လာ(၂၈၄.၄၂၇) နှုန်း၊ ဆန်ကွဲ (၁) တန်လျှင် ကန်ဒေါ်လာ (၄၀၄.၅၄၅) နှုန်း၊ ကြက်သွန်နီ (၁)တန်လျှင် ကန်ဒေါ်လာ (၆၅၀.၄၆၉) နှုန်း၊ ကြေးနီ (၁)တန်လျှင် ကန်ဒေါ်လာ(၂၈၂၈.၁၄၁) နှုန်း၊ ငါးမှုန့် (၁) တန်လျှင် ကန်ဒေါ်လာ (၆၀၀.၀၀၀) နှုန်း၊ ဆီးဆံ (၁) တန်လျှင် ကန်ဒေါ်လာ (၂၄၁၅.၄၅၄)နှုန်း ၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ (၃၈၀၀.၀၂၃) နှုန်း တင်ပို့နိုင်ခဲ့ပါသည်။

(၄-၉-၂၀၂၃) ရက်နေ့ မှ (၁၀-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများမှာ ကြက်သွန်နီ (၁၈၈၆.၈၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၁၅၂)သန်း၊ ငါးရှဉ့် (၂၉၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၈၈၈) သန်း၊ ကဏန်း (၁၅၆.၇၇၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၅၉၆) သန်း၊ ရော်ဘာ (၄၅၃.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၅၄၃) သန်း၊ ဆန်ကွဲ (၉၈၇.၀၀၀) တန် ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၄၀၂) သန်း ၊  ကြေးနီ (၁၃၈.၅၀၀) တန်၊တန်ဖိုး ကန်ဒေါ်လာ (၀.၃၉၂) သန်း၊ မြေပဲ (၂၃၆.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၇၈) သန်း၊ ပြောင်း (၁၁၂၅.၇၂၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၂၂) သန်း ၊ ရှားကောသီး (၃၇၂.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၃၁၅) သန်းနှင့် သကာရည် (၉၅၂.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၃၀၉) သန်းတို့ဖြစ်ပါသည်။

(၄-၉-၂၀၂၃) ရက်နေ့မှ (၁၀-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန် ဒေါ်လာ(၃.၆၀၈) သန်း၊ ဘတ္ထရီများ တန်ဖိုး ကန်ဒေါ်လာ (၀.၄၂၇) သန်း၊ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၃၇၈) သန်း၊ စတီးပိုက် တန်ဖိုး ကန်ဒေါ်လာ (၀.၃၂၂) သန်း၊ သံချောင်း တန်ဖိုး ကန်ဒေါ်လာ (၀.၂၉၄) သန်း၊ ဒီဇယ်ဆီ တန်ဖိုး ကန်ဒေါ်လာ(၀.၂၇၂) သန်း၊ ပဲမှုန့် တန်ဖိုးကန်ဒေါ်လာ (၀.၂၃၇) သန်း၊  ကော်စေ့ တန်ဖိုး ကန်ဒေါ်လာ (၀.၁၅၉) သန်း ၊ သွပ်လိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၁၅၁) သန်းနှင့် အဝတ်အထည်များ တန်ဖိုး ကန်ဒေါ်လာ (၀.၁၄၇) သန်းတို့ဖြစ်ပါသည်။

(၄-၉-၂၀၂၃) ရက်နေ့ မှ (၁၀-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များအား ကြက်သွန်နီ(၁) တန်လျှင် ကန်ဒေါ်လာ (၆၁၀.၇၄၁) နှုန်း၊ ငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ (၃၀၀၀.၈၉၂) နှုန်း၊ ကဏန်း (၁)တန်လျှင် ကန်ဒေါ်လာ (၃၈၀၀.၄၈၂) နှုန်း၊ ရော်ဘာ (၁) တန်လျှင် ကန်ဒေါ်လာ (၁၁၉၈.၂၇၆) နှုန်း၊ ဆန်ကွဲ (၁) တန်လျှင် ကန်ဒေါ်လာ (၄၀၆.၈၅၉) နှုန်း၊ ကြေးနီ (၁) တန်လျှင် ကန်ဒေါ်လာ (၂၈၂၈.၆၇၁) နှုန်း၊ မြေပဲ (၁)တန်လျှင် ကန်ဒေါ်လာ (၁၆၀၀.၀၇၉) နှုန်း၊ ပြောင်း (၁) တန်လျှင် ကန်ဒေါ်လာ (၂၈၆.၃၉၇) နှုန်း၊ ရှားကောသီး (၁) တန်လျှင် ကန်ဒေါ်လာ (၈၄၈.၀၈၃) နှုန်း၊ သကာရည် (၁) တန်လျှင် ကန်ဒေါ်လာ (၃၂၄.၈၆၁) နှုန်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။ လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းကောင်းမွန် လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News