International News

ဗီယက်နမ်နိုင်ငံ အုန်းသီးတင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဘီလီယံအထိ ရောက်ရှိရန်မျှော်မှန်း

Last Updated:

ဗီယက်နမ်အုန်းသီးနှင့် အုန်သီးထုတ်ကုန်များကို အမေရိကန်နှင့် တရုတ်နိုင်ငံတို့က တင်သွင်းခွင့် ပေးလိုက်ပြီးနောက် ဗီယက်နမ်နိုင်ငံ အုန်းသီးတင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း ဗီယက်နမ်နိုင်ငံ အုန်းသီးအသင်း Vietnam Coconut Association ဥက္ကဋ္ဌ Nguyen Thi Kim Thanh က ပြောကြားသည်။ အစားအသောက် ကျွမ်းကျင်သူများ၏ အဆိုအရ ဗီယက်နမ် အုန်းသီးများသည် အရည်အသွေးမြင့်ပြီး လတ်ဆတ်မှုကြောင့် လူသိများသည်။ ဗီယက်နမ်အုန်းသီးများသည် အာဟာရဓာတ် ကြွယ်ဝသည်။ 

ဗီယက်နမ်အုန်းသီးတွင် ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် အမျှင်ဓာတ်များ အပါအဝင် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါရှိသည်။ သို့ဖြစ်ရာ ကျန်းမာရေးကို အထောက်အကူပြုသည်။“၂၀၂၂ ခုနှစ်အကုန်မှာ အုန်းသီးတင်ပို့မှုဟာ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရှိခဲ့ပါတယ်။ အခုဆိုရင် ဗီယက်နမ်အုန်းသီး တင်သွင်းရန် အမေရိကန်နှင့် တရုတ်နိုင်ငံတို့က သဘောတူညီခဲ့ကြတာကြောင့် ဗီယက်နမ်အုန်းသီး တင်ပို့မှုအရှိန်အဟုန်ဖြင့် မြင့်တက်တော့မှာ ဖြစ်ပါတယ်။  ၂၀၂၄ နှစ်ကုန်၊ ၂၀၂၅ အစောပိုင်းမှာ ဗဖိယက်နမ်အုန်းသီး တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရှိလာမယ်လို့ မျှော်မှန်းထားပါတယ်" ဟု Thanh က ပြောကြားသည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ထံမှ ဗီယက်နမ်အုန်းသီး တင်ပို့ခွင့် ရရှိသောအခါ အုန်းခြံများသည် အုန်းခြံဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်း၊ စိုက်ပျိုးဧရိယာကုဒ် လျှောက်ထားရယူခြင်း၊ အော်ဂဲနစ်ဇုန်များ ထူထောင်ပြီး မှတ်ပုံတင်ခြင်း အစရှိသည်တို့ကို ဆောင်ရွက်ကြသည်။ ယခင်က အုန်းပင်စိုက်သည့် ဧရိယာဟု သတ်သတ်မှတ်မှတ် မရှိခဲ့ချေ။ ၂၀၂၁ တွင် အုန်းသီးကို အရေးပါသည့် ပြည်ပပို့ကုန်စာရင်းထဲ ထည့်သွင်းခဲ့သည်။ အုန်းသီးများကို ပြည်ပသို့တင်ပို့သည့် ကုမ္ပဏီများ ယခုအခါ ခုရေ ၂၀ နီးပါးရှိလာပြီဟု Thanh က ပြောကြားသည်။ ၃၅ နိုင်ငံသို့ တင်ပို့လျက်ရှိသည်။

Source thestar

https://www.foodindustrydirectory.com.mm

Category: International News