မတ်ပဲ
အိန္ဒိယနိုင်ငံဘက်မှာ မတ်ပဲအသစ်တွေစတင်ပေါ်နေတာကြောင့်
မန္တလေးဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၃၅၀၀၀ မှ ၂၄၀၀၀၀ ကျပ်စျေးရှိလို့ အရင်အပတ် ကထက် ၅၀၀၀ လောက်စျေးပြန်ကျသွားပါတယ်။ နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ ကို အရင်တစ်ပတ်က ၈၁၅၀၀ ကျပ်ရှိခဲ့ရာကနေ ၈၀၀၀၀ ကျပ်အထိ ပြန်ကျသွားပါတယ်။
ပဲစင်းငုံနီ
ဆက်တိုက်စျေးမြင့်လာခဲ့တဲ့ ပဲစင်းငုံနီက နိုင်ငံခြားငွေစျေးမတည်ငြိမ်မှု
ပဲတီစိမ်း
တရုတ်နိုင်ငံဘက်က အဝယ်လိုက်လာလို့ ပဲတီစိမ်းက ဒီတစ်ပတ် ရန်ကုန်ဈေးကွက်ရော မန္တလေးစျေးကွက်မှာပါ ဈေးပြန်တက်လာပါတယ်။ ပဲတီစိမ်းက ပြီးခဲ့တဲ့ အပတ်ကအထိ အကျဈေး နဲ့ ရှိနေတာဖြစ်ပြီး ဈေးကွက်ထဲလည်း အရောင်းအဝယ်အေးနေခဲ့တာပါ။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၅၈၀ ကျပ်ရှိပြီး ၈၀ ကျပ်တက်လာ၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)က ၃၃၀၀ စျေးပေါက်လို့ ၅၀ ကျပ်တက်လာပြီး ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၆၃၀ ကနေ ၃၁၇၀ ကျပ်နဲ့အရင် စျေးတန်းမှာပဲ ရှိနေပါတယ်။ မန္တလေးဈေးကွက်မှာ ပဲတီစိမ်း (အညာ)ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၆၀၀၀၀ မှ ၁၇၇၀၀၀ စျေးရှိပြီး အရင်တစ်ပတ်ကထက် ၇၀၀၀ ကျပ် မြင့်တက်လာပါတယ်။
ကုလားပဲ
ပြည်တွင်းစားသုံးမှုများတဲ့ ကုလားပဲကတော့ ခုတစ်ပတ်မှာ စျေးအနည်းငယ်ပြန်ကျလာတယ်လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။ နိုင်ငံခြားငွေစျေးမတည်ငြိမ်မှု
မန္တလေးဈေးကွက်မှာလည်း ကုလားပဲ ၉၂၉ တစ်အိတ်ကို ၂၆၆၀၀၀ ကနေ ၂၆၇၀၀၀ ကျပ် ၊ကုလားပဲ(V2)က ၂၆၈၀၀၀ကျပ်၊ ကုလားပဲ V7 က ၂၈၀၀၀၀ ကနေ ၂၈၁၀၀၀ ပေါက်ဈေးရှိလို့ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်အိတ်ကို ၄၀၀၀ ကနေ ၁၀၀၀၀ လောက်စျေးကျသွားပါတယ်။
နှမ်းမျိုးစုံ
နှမ်းမျိုးစုံကတော့ တစ်ပတ်အတွင်း ဈေးအတက်အကျကတော့ တည်ငြိမ်မှု မရှိပါဘူး။ တရုတ်ငွေဈေး ရုတ်တရက် ထိုးကျသွားတဲ့အတွက် တရုတ်နိုင်ငံကို အဓိက တင်ပို့နေတဲ့ နှမ်းဖြူဈေးတွေကလည်း ဈေးကွက်အတွင်း ကျဆင်းသွားပါတယ်။ တစ်ရက်အတွင်း ငွေကြေးဈေး ပြန်မြင့်တက်လာတဲ့အတွက် နှမ်းဖြူရိုးရိုးနဲ့ နှမ်းဖြူဂျ
မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာကို ၃၅၀၀၀၀ မှ ၃၉၅၀၀၀ ကျပ်စျေးရှိပြီး အရင်တစ်ပတ်ကထက် ၅၀၀၀ ကျပ် ပြန်တက်လာကာ နှမ်းဖြူ ဂျပန်က ၃၉၀၀၀၀ မှ ၄၁၀၀၀၀ ကျပ်ဖြစ်သွားလို့ ၂၀၀၀၀ ကျပ် ပြန်တက်လာပါတယ်။ နှမ်းညိုကတော့ ၃၀၀၀၀၀ မှ ၃၀၅၀၀၀ စျေးရှိပြီး အရက်တစ်ပတ်ကထက် ၁၀၀၀၀ ကျပ် စျေးကျသွားသလို နှမ်းနက် စမုံကလည်း ၂၇၀၀၀၀ မှ ၃၅၀၀၀၀ ကျပ်စျေးပေါက်ပြီး ၅၀၀၀ကျပ် စျေးကျသွားပါတယ်။ ပန်းနှမ်းကတော့ တစ်အိတ်ကို ၂၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။
Source: https://t.me/htwettoe