Local News

ပို့ကုန်ပဲများအနည်းငယ်ဈေးမြင့်တက်လာသော်လည်း အရောင်းအဝယ်ခပ်အေးအေးသာရှိနေ

Last Updated:

ရွှေမန်း

ဒေါ်လာဈေး၊ ယွမ်ဈေး မြင့်တက်လာမှုနှင့်အတူ ပို့ကုန်ပဲများအနည်းငယ် ဈေးမြင့်တက်လာသော်လည်း အရောင်းအဝယ် ခပ်အေးအေးသာရှိနေကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။ပြည်တွင်း ပဲ၊ နှမ်းဈေးကွက် မှာ ပို့ကုန်ပဲများ အမြင့်ဈေး အတိုင်း ဆက်လက်ရှိနေမည်ဖြစ်သော်လည်း အရောင်းအဝယ် ခပ်အေးအေးသာ ရှိနေသည်။

စက်တင်ဘာ  ၁၂ ရက်မှ စတင်ကာ ဒေါ်လာဈေး၊ ယွမ်ဈေးများ မြင့်တက်လာတာကြောင့် ပို့ကုန်ပဲများ ဈေးမြင့်တက်လာသော်လည်း လက်ရှိမှာ အမြင့်ဈေးများဖြင့် ဈေးငြိမ်နေကြောင်း၊  လက်ကျန်နည်းလွန်းသည့် ပြည်တွင်းသုံးကုလားပဲများမှာလည်း ဈေးမြင့်ခြင်းမရှိသော်လည်း အရောင်းသမားထုတ်ရောင်းမှသာ ဝယ်လို့ရကြောင်း မြေပဲဆန်များမှာ အသစ်ဝင်ရောက်မှုများကြောင့် ဈေးကျဆင်းနေပြီး အရောင်းအဝယ်သွက်နေကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

"စက်တင်ဘာလ ၁၂ ရက်   ဝန်းကျင်က တက်လာတဲ့ ဒေါ်လာဈေး၊ ယွမ်ဈေး မြင့်တက်လာတော့ ပို့ကုန်ပဲတွေ ဈေးမြင့်တက်လာပေမယ့် ရက်ပိုင်းအတွင်း ဈေးပြန်ငြိမ်နေပါတယ်။ ပဲတီစိမ်းဈေးလည်း ကျဆင်းနေတာ ပြန်တက်မလာသေးပါဘူး။ ပြည်တွင်းသုံး ကုလားပဲကတော့ လက်ကျန်နည်းနေတော့ ရောင်းသမား ထုတ်ရောင်းမှ ဝယ်ရတာမျိုး ဖြစ်နေပါတယ်။ မတ်ပဲ၊ ပဲစင်းငုံတို့ကတော့ ဈေးအမြင့်နဲ့ ငြိမ်နေပါတယ်။ နှမ်းဈေးကွက်ကလည်း ဈေးငြိမ် နေပါတယ်။ မြေပဲဆံတွေကတော့  အသစ်ဝင်တွေရှိသလို ဈေးမတက် ပေမယ့် အရောင်းအဝယ်သွက်နေပါတယ်" ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ ၁၅ ရက်တွင် သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၂၃၅ç၀၀၀  ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၃၈၅ç၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီ စိမ်းအညာ ၅၆ဒသမ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ်၁၇၅ç၀၀၀  ပေါက်ဈေးဖြစ်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ပြန်လည်ကျဆင်းသွားရာ  စက်တင်ဘာလ ၁၅ ရက်တွင် ကုလားပဲ  V2တစ်အိတ်လျှင် ငွေကျပ် ၂၆၉၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ်၂၈၁၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ၉၂၉ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၈၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ ပဲထောပတ်တစ် အိတ် လျှင် ငွေကျပ်၄၁၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၁၀၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာငွေကျပ်  ၈၈၀၀  ပေါက်ဈေးရှိသည်။ နှမ်းမျိုးစုံဈေးကွက်မှာ ယခင် သီတင်းပတ်ထက် သိသိသာသာ ဈေးကျဆင်းသွားရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်၄၁၀၀၀၀၊နှမ်းညို တစ် အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊  နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News