Local News

ရခိုင်ပြည်နယ် စစ်တွေကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုသတင်း

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၇-၁၀-၂၀၂၃) မှ (၁၃-၁၀-၂၀၂၃) အထိ အမှန်တင်ပို့ကုန် ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ အုန်းသီးခြောက်၊ ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွနှင့် ဇီးယိုထုပ်တို့တင်ပို့ရာ တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၃၄၉၂၉၃ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် မန်ကျည်းစေ့ တန်ချိန် ၃၀၇ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ မန်ကျည်းစေ့ တန်ချိန် ၅၉ တန် တင်ပို့ ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် မန်ကျည်းစေ့တန်ချိန် ပိုမို၍ တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုအပတ် မန်ကျည်းစေ့ တင်ပို့နိုင်မှုငွေပမာဏမှာ ၃၀၇၀၀ ဒေါ်လာ တင်ပို့မှု ရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းအနေဖြင့် ငါးသိုင်းခေါင်းပွ တန်ချိန် ၂၇ ဒဿမ ၂၆၄ တန် တင်ပို့ခဲ့ပါသည်။ ယခင် အပတ်မှာ ငါးသိုင်းခေါင်းပွ တန်ချိန် ၂၀ ဒဿမ ၀၁၆ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ငါးသိုင်းခေါင်းပွ တန်ချိန် ပိုမို၍တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုအပတ် ငါးသိုင်းခေါင်းပွ တင်ပို့နိုင်မှု ငွေပမာဏ မှာ ၃၅၉၉၉ ဒဿမ ၀၄ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လူသုံးကုန်ပစ္စည်း များအနေဖြင့် T-SHIRT တင်သွင်းခဲ့ရာ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၅၀၀ ဒေါ်လာ တင်သွင်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News