International News

ဆန်တန်ချိန် ၅၃၄၀၀၀ အား တင်ဒါစနစ်ဖြင့် အင်ဒိုနီးရှားဝယ်ယူ

Last Updated:

အင်ဒိုနီးရှားနိုင်ငံ၌ အစိုးရ၏ ဝယ်ယူရေးအဖွဲ့အစည်းဖြစ်သော BULOG အဖွဲ့သည် ဆန် တန်ချိန် ၅၃၄၀၀၀ ကို နိုင်ငံတကာတင်ဒါခေါ်ယူလျက် ဝယ်ယူခဲ့ရာ ၁၁-၁၁-၂၀၂၃ ရက်၊ တနင်္လာနေ့တွင် တင်ဒါပိတ်သိမ်းခဲ့ကြောင်း ဥရောပကုန်သည်များက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ စုစုပေါင်းဆန်တန်ချိန် မည်မျှဝယ်ယူခဲ့သည်ကို ရှင်းလင်းစွာ မသိရှိရသော်လည်း တင်ပို့ရာဒေသ၌ သင်္ဘောတင်စရိတ်နှင့် သယ်ယူပို့ဆောင်ခအပါအဝင် Cost and Freight (C&F) ဈေးနှုန်း ၁ တန်လျှင် ၆၃၅ ဒေါ်လာနှုန်းဖြင့် ပါကစ္စတန်နိုင်ငံမှ ဆန်တန်ချိန် ၁၁၀၀၀၀ နှင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၈၀၀၀၀ ခန့်ကို BULOG အဖွဲ့က ဝယ်ယူခဲ့သည်ဟု အဆိုပါ ကုန်သည်များက ပြောဆိုခဲ့ကြသည်။

ထို့အပြင် ဈေးကွက်အတွင်း အတည်မပြုနိုင်သော ပြောဆိုမှုများအရ C&F ဈေးနှုန်း ၁ တန် လျှင် ၆၆၅ ဒေါ်လာနှုန်းဖြင့် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၂ သိန်းနှင့် ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၅ သောင်းခန့်ကိုလည်း အင်ဒိုနီးရှားအစိုးရက ၎င်းတင်ဒါဖြင့်ပင် ဝယ်ယူခဲ့ဖွယ်ရှိကြောင်း၊ ထိုသို့ ဝယ်ယူသည့် လုံးရှည်ဆန်ဖြူများသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အတွင်း အင်ဒိုနီးရှား ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ယခုသတင်း တင်ပြချက်မှာ ကုန်သည်များ၏ ပြောဆိုမှုကိုသာ ထင်ဟပ်မှုရှိပြီး ဝယ်ယူခဲ့သော ဆန်ပမာဏနှင့် ဈေးနှုန်းများ၏ အသေးစိတ် အချက်အလက်များကို နောက်ပိုင်းမှသာ သိရှိနိုင်မည်ဖြစ်ကြောင်းဖြင့် ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

Source: Business Recorder, 12 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News