Local News

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် (၃) သိန်း တင်ပို့မည်

Last Updated:

နယ်စပ်လမ်း​ကြောင်း အချို့ခက်ခဲလျက်ရှိ​နေသည့်အတွက် ​ရော်ဘာတင်ပို့မှူမှာ​နှေး​ကွေး​နေခဲ့​သော်လည်းယခုဘဏ္ဍာနှစ်တွင် ပိုမိုတင်ပို့နိုင်မည်ဟုခန့်မှန်းကြသည်။ "၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ သုံးသိန်းလောက် ပြည်ပတင်ပို့ဖို့ မှန်းထားပါတယ်။ အရင်နှစ်က တန်ချိန် တစ်သိန်းကျော်ပဲပို့နိုင်ခဲ့တယ်။ မြန်မာနိုင်ငံက တန်ချိန် လေးသိန်းလောက်ထွက်တယ်။ ပြီးခဲ့တဲ့နှစ်က မပို့နိုင်တာက ငွေကြေးမူဝါဒကြောင့် တစ်တန်ကို ၈ သိန်းကနေ ၁ဝ သိန်းလောက် ရှုံးနေတဲ့အတွက် မတင်ပို့နိုင်တာ" ဟုမြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူက ပြောသည်။ 

ရော်ဘာတင်ပို့မှုအနေဖြင့် ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်စသည့် နိုင်ငံများသို့ တင်ပို့လျက်ကြောင်း သိရသည်။ ရော်ဘာကို မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးဧက တစ်သန်းကျော်နှင့် ထုတ်လုပ်မှုဧဏ ကိုးသိန်းခွဲခန့်ရှိကြောင်း သိရသည်။

Source: https://t.me/popularmyanmar.com

Category: Local News