ပြည်ပဈေးကွက်များတွင် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံး မော်တော်ယာဉ် (NEV) များ တစ်ရှိန်ထိုးနာမည်ကျော်ကြားလာမှုကြောင့် တရုတ်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် စံချိန်တင်မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်တွင် တရုတ်နိုင်ငံသည် (NEV) (၁.၂) သန်းတင်ပို့ခဲ့ပြီး ၂၀၂၂ခုနှစ်ထက် (၇၇.၆) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံမော်တော်ကားထုတ်လုပ်သူအသင်း၏ အဆိုအရသိရပါသည်။ ၎င်းပမာဏသည် လွန်ခဲ့သည့်နှစ် တရုတ်နိုင်ငံမော်တော်ကားတင်ပို့မှု၏ ၂၄ ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။ တရုတ်ကားကုမ္ပဏီ BYD သည် ၂၀၂၃ခုနှစ်၊ စတုတ္ထ ၃လပတ်ကာလတွင် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်ရောင်းချမှု၌ ကမ္ဘာ့ထိပ်တန်းဦးဆောင်သူဖြစ်လာပါသည်။
တရုတ်နိုင်ငံမော်တော်ကားထုတ်လုပ်သူအသင်း၏ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် ချန်ရွှိဟောင်က တရုတ်နိုင်ငံသည် ၂၀၂၄ခုနှစ်တွင် NEV (၅.၅) သန်းတင်ပို့နိုင်ရန် မျှော်လင့်ထားပြီး ဘယ်ဂျီယမ်၊ ထိုင်းနှင့် ဗြိတိန်တို့မှာ တရုတ်နိုင်ငံ၏ ထိပ်ဆုံး ပြည်ပဈေးကွက် ၃ နိုင်ငံဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လောင်စာစွမ်းအင်သုံးမော်တော်ယာဉ်တင်ပို့မှုမှာ အဓိကနေရာတွင်တည်ရှိနေသော်လည်း NEV တင်ပို့မှုသည် တရုတ်နိုင်ငံမော်တော်ကားတင်ပို့မှုကြီးထွားလာရန်အတွက် အဓိကတွန်းအားအဖြစ်တည်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။
Source: https://www.doca.gov.mm