Local News

ကန့်ဘလူခရိုင်အတွင်းရှိ စပါး၊ဆန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှ ရွှေဘိုပေါ်ဆန်း စပါး(အသစ်)တင်း(၁၀၀)လျှင် ငွေကျပ် ၃၂၀၀၀၀၀၊ ဧရာမင်းစပါး (အသစ်) တင်း(၁၀၀)လျှင် ငွေကျပ်၂၂၅၀၀၀၀ နှင့် ရွှေဘိုပေါ်ဆန်းဆန် (အသစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(အဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀၀၊ ဧရာမင်းဆန်(အသစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ၁၁၀၀၀၀၊ ဧရာမင်းဆန် (အဟောင်း)၂၄ ပြည်ပါတစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ယခုဇန်နဝါရီလ ဒုတိယပတ်အတွင်းတွင် ရွှေဘိုပေါ်ဆန်း စပါး(အသစ်) တင်း(၁၀၀)လျှင် ငွေကျပ် ၃၃၀၀၀၀၀၊ ဧရာမင်းစပါး(အသစ်)တင်း (၁၀၀)လျှင် ငွေကျပ် ၂၅၀၀၀၀၀ နှင့် ရွှေဘိုပေါ်ဆန်း ဆန်(အသစ်)၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(အဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀၀၊ ဧရာမင်းဆန်(အသစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၁၅၀၀၀၊ ဧရာမင်းဆန်(အဟောင်း)၂၄ ပြည်ပါတစ်အိတ်လျှင် ငွေကျပ် ၁၄၀၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ  ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် ငွေကျပ် ၁၀၀၀၀၀၊ ဧရာမင်းစပါးတင်း (၁၀၀)လျှင် ငွေကျပ် ၂၅၀၀၀၀၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ နှင့် ဧရာမင်းဆန်(အဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ငွေကျပ် (၅၀၀၀)ထိ မြင့်တက်ခဲ့ကြောင်း ဒေသခံဆန်စက် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News