Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/ သွင်းကုန်ကုန်သွယ်နိုင်မှု

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် (ဇန်နဝါရီလ ၁၆ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၁.၉၈၉) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၄.၁၉၈) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၆.၁၈၇) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၆-၁-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၅၃၂.၂၅၀) တန်၊ တန်ဖိုး(၀.၁၂၉) ဒေါ်လာသန်း၊ ထောပတ်သီး (၆၀)တန်၊ တန်ဖိုး (၀.၀၃၄)ဒေါ်လာသန်း၊ ကြက်သွန်နီ(၁၆.၅၀၀)တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ(၈)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ(၂၄)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ စုစုပေါင်း (၀.၁၈၀)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံး ဘတ်ငွေလဲနှုန်းအနေဖြင့် (၁၆-၁-၂၀၂၄) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၀၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိပြီး (၁၆-၁-၂၀၂၄)ရက်တွင် ဘိလပ်မြေ(၀.၀၁၇)ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၁၇)ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား(၀.၀၁၄)ဒေါ်လာသန်း၊ ဖိနပ်(၀.၀၀၉)ဒေါ်လာသန်း၊ ပလပ်စတစ်ဖျာ(၀.၀၀၉)ဒေါ်လာသန်း၊​ ကြွေပြား(၀.၀၀၉)ဒေါ်လာသန်း၊ ပလပ်စတစ်ခြင်း (၀.၀၀၇)ဒေါ်လာသန်း၊ ပလပ်စတစ်ခွက်(၀.၀၀၇)ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား(၀.၀၀၅)ဒေါ်လာသန်း၊ မှန်ချပ်(၀.၀၀၁)ဒေါ်လာသန်းအပါအဝင် (၀.၁၁၇) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News