Local News

မြဝတီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၁၆-၁-၂၀၂၄)ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ်(အခြောက်)နှင့် ကြက်သွန်နီတို့တင်ပို့ခဲ့ပါသည်။ (၁၆-၁-၂၀၂၄)ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(အခြောက်)နှင့် ကြက်သွန်နီတို့ ဖြစ်ပါသည်။

ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

(၁၆-၁-၂၀၂၄)ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ(0.159)ဒေါ်လာသန်း၊ လေအေးစက်များ (0.111)ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများ (၀.098) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (0.078) ဒေါ်လာသန်း၊ စက်ဘီးအပိုပစ္စည်းများ(၀.021)ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (0.007) ဒေါ်လာသန်း၊ ချည်ထည်များ(0.006) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (0.006)ဒေါ်လာသန်း၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေး ပစ္စည်းများ(၀.006)ဒေါ်လာသန်း၊မော်တော်ယာဉ်အပိုပစ္စည်းများ(0.005) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။ ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၅၂)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၈.၅၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ တည်ငြိမ်လျက်ရှိပါသည်။

(၁၆-၁-၂၀၂၄) ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(‌ခြောက်)  (၁) တန်လျှင် (1568.924) ဒေါ်လာဖြင့် (92.42) တန်၊ (0.145) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁)တန်လျှင် (601.604) ‌ဒေါ်လာဖြင့်(269.28) တန်၊ (0.162)‌ဒါ်လာသန်းတို့ ဖြစ်ပါသည်။ မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှဇန်နဝါရီ ၁၆ ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (5.660) ကန်ဒေါ်လာသန်း၊ သွင်းကုန် (15.823) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (21.482) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News