Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှ (၁၆)ရက်နေ့ထိကုန်ပစ္စည်းအမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅)ဒေါ်လာတို့ဖြင့် တန်ချိန် (၄၇၂၀၀) တန်၊ တန်ဖိုး(၁၆.၄၁၇) ဒေါ်လာသန်း၊ ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၃၂၅) တန်၊ တန်ဖိုး(၀.၀၄၈)ဒေါ်လာသန်း၊ မြေပဲဆံတင်ပို့မှုအနေဖြင့် တန်ချိန် (၃၄) တန်၊ တန်ဖိုး(၀.၀၃၇)ဒေါ်လာသန်း၊  နှမ်းနက်တင်ပို့မှုအနေဖြင့် တန်ချိန် (၃၇၁) တန်၊ တန်ဖိုး(၀.၅၁၉) ဒေါ်လာသန်း၊ ရာဘာတန်ချိန်(၁၀၅)တန်၊ တန်ဖိုး (၀.၁၄၅) ဒေါ်လာသန်း ၊ ငရုတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် (၃၉၉)တန်၊ တန်ဖိုး(၀.၂၁၇)ဒေါ်လာသန်း၊ဆန် တင်ပို့မှုအနေဖြင့် တန်ချိန် (၅၂၄) တန်၊ တန်ဖိုး(၀.၂၉၉)ဒေါ်လာသန်း ကြက်သွန်နီတင်ပို့မှုအနေ  ဖြင့်တန်ချိန် (၃၃) တန်၊ တန်ဖိုး(၀.၀၁၆)နှင့် ရွှေဖရုံသီးတန်ချိန်(၁၂၀)တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (၃၂၆.၁၄) တန်၊ တန်ဖိုး(၀.၃၃၂)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၆၄၃.၀၀) တန်၊ တန်ဖိုး (၀.၄၇၈) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၇၃၅.၄၀) တန်၊ တန်ဖိုး (၀.၄၇၃) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News