Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်တာ ကာလအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၄၅၀၀၀ အထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး    ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက် တာကာလအတွင်း  ဆန်ကွဲ  ၂၄ ပြည်ဝင် အိတ်ရေ  ၄၅၀၀၀ အထိ  တင်ပို့ရောင်းချ ခဲ့ရကြောင်း ဖျာပုံမြို့နယ် ဆန်စပါးရောင်း ဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်သူသူအောင် ၏ ပြောပြချက်အရ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်မှ ၁၅ ရက် အထိ ၁၅ ရက်တာကာလအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၃၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်တာကာလအတွင်း  ဆန်ကွဲ  ၂၄  ပြည်ဝင်အိတ်ရေ ၄၅၀၀၀ အထိ တင်ပို့ ရောင်းချနိုင်ခဲ့သည်။

“ဖျာပုံမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို  ဆန်ကွဲအဓိက တင်ပို့ရောင်းချပါတယ်။ ဇန်နဝါရီလပထမပတ်လောက်ကစပြီး ဝယ်လိုအား များလာတာပါ။ ဆန်ကွဲတွေကို ပွဲရုံလုပ်ငန်းရှင်တွေက   အဆက်မပြတ် တင်ပို့ ရောင်းချနေပါတယ်။ ဆန်ကွဲတွေကို ဖျာပုံမြို့နယ်ကနေ ကုန်တင်ကားတွေနဲ့ အဓိကတင်ပို့ ရောင်းချနေပါတယ်”ဟု ဒေါ်သူသူအောင်ကပြောသည်။ အဆိုပါတင်ပို့ရောင်းချခဲ့သည့် ဆန်ကွဲ ၂၄ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၄၅၀၀၀ ရှိကြောင်း၊ ယင်းကဲ့သို့ ဆန်ကွဲများ ဈေးကောင်းရရှိလာခြင်းကြောင့် ဆန်စပါးရောင်းဝယ်ရေးကုန်သည်များ၊ ဆန်စပါးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချ လုပ်သားများနှင့် ကုန်တင်ယာဉ် အငှားလိုက်သူများ  အဆင်ပြေလျက်ရှိကြောင်း  သိရသည်။       

Source: https://www.myawady.net.mm

Category: Local News