Local News

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကိုးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၈၄၀၀ ကျော် တင်ပို့နိုင်

Last Updated:

ပြည်ပသို့   ရေထွက်ကုန်ပစ္စည်းများ  တင်ပို့လျက်ရှိရာ  ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်  ကိုးလတာကာလ အတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၈၄၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။ "၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်  ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်အထိ ကိုးလတာကာလအတွင်း  ပြည်ပကို  ပုစွန်မက်ထရစ်တန်  ၈၄၃၂  ဒသမ ၁၀၄ တန်တင်ပို့နိုင်ပြီး  အမေရိကန်ဒေါ်လာ    ၃၂  ဒသမ ၀၇၉ သန်း ရရှိခဲ့ပါတယ်”ဟု ၎င်းကပြောသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ  ကိုးလတာ ကာလအတွင်း  ပုံမှန် ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၇၇၃၁ ဒသမ ၃၉၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၄၁၆ သန်းနှင့်  နယ်စပ်ကုန်သွယ်မှုမှ  ပုစွန်မက်ထရစ်တန် ၇၀၀ ဒသမ ၇၁၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၆၃ သန်း ရရှိသည့်အတွက် ပြည်ပသို့ ပုစွန် တင်ပို့မှုစုစုပေါင်း မက်ထရစ်တန် ၈၄၃၂ ဒသမ ၁၀၄ တန်ရှိပြီး အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၀၇၉ သန်း ရရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ငါး၊ ပုစွန်စသည့် ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊  ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင်ငံပေါင်း  ၄၀  ကျော်သို့ တင်ပို့လျက်ရှိပြီး  ရန်ကုန်မြို့မှတစ်ဆင့်  ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေး စခန်းများမှလည်း  တိုက်ရိုက်တင်ပို့ကြောင်း သိရသည်။                

Source: https://www.myawady.net.mm

Category: Local News