International News

တရုတ်နိုင်ငံရှိ တောတောင်ထူထပ်သော ကွေ့ကျိုးပြည်နယ်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို စစ်ဆေးရန် စက်ရုပ်များကို အသုံးပြု

Last Updated:

        တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် တောတောင်ထူထပ်သောဒေသများရှိ လျှပ်စစ်ဓာတ်အားခွဲရုံတွင် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စက်ရုပ်များကို စတင်အသုံးပြုလျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ထုန်ရန်မြို့ရှိ လျှပ်စစ်ဓာတ်အားခွဲရုံ ၁၀ ခုတွင် စက်ရုပ် ၁၃ ရုပ်ကို တာဝန်ထားပြီး အလိုအလျောက်ကင်းလှည့်စစ်ဆေးခြင်းတာဝန်များ ဆောင်ရွက်နိုင်ကြောင်း China Southern Power Grid ၏ ကွေ့ကျိုးရုံးခွဲအရ သိရသည်။

      “စက်ရုပ်တွေက တစ်ပတ်မှာ လူရဲ့ကြားဝင်ဆောင်ရွက်မှုမရှိဘဲ လျှပ်စစ်ဓာတ်အားပေးရုံမှာရှိတဲ့ နေရာ ၃,၈၀၀ ကို လှည့်လည်စစ်ဆေးနိုင်ပြီး တိကျမှန်ကန်မှုကလည်း ၁၀၀ ရာခိုင်နှုန်းရှိပါတယ်” ဟု ထုန်ရန်မြို့ရှိ ထိုက်ဖိန်လျှပ်စစ်ဓာတ်အားခွဲရုံ အကြီးအကဲ Zhou Jingyu က ပြောခဲ့သည်။ တိကျမှုမြင့်မားပြီး ရုပ်ထွက်မြင့်မားသော အာရုံခံစနစ်များတပ်ဆင်ထားသည့် အဆိုပါ စက်ရုပ်များသည် လူသားစစ်ဆေးသူများက အချိန် ၁၂ နာရီကြာ ပြုလုပ်ရသော လုပ်ငန်းတာဝန်များကို အချိန်မိနစ် ၅၀ အတွင်း လှည့်လည်စစ်ဆေးဆောင်ရွက်နိုင်ကြောင်း Zhou က ဆိုသည်။

Source: https://xinhuamyanmar.com

 

Category: International News