Local News

မေ ၁၈ ရက်တွင် ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၃၀၁၃၀၀၀ ဝန်းကျင်အထိ မြင့်တက်

Last Updated:

        ၂၀၂၃ ခုနှစ် မေ ၁၈ ရက်တွင် ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၃၀၁၃၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း ရွှေစျေးကွက်အတွင်းမှ သိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၂၀၄၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက် ပြည်တွင်းရွှေစျေး ကျပ် ၂၇၉၀၀၀၀ ဝန်းကျင်ရှိခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင်  ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၄၁၀၀၀ ဝန်းကျင် ရှိခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၂၈၅၅၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၂၃၀၀၀ ဝန်းကျင် ရှိခဲ့သည်။

     ပြီးခဲ့သည့်စက်တင်ဘာလ ၁၀ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၁၁၀၀၀၀ ဝန်းကျင်ဖြင့် စတင်စျေးဖွင့်ခဲ့ပြီး၊ ကျပ် ၃၁၃၀၀၀၀ သိန်းဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ကာ အနိမ့်ဆုံး ကျပ် ၃၁၀၀၀၀၀ သိန်းနှင့် အမြင့်ဆုံး ကျပ် ၃၁၃၀၀၀၀ သိန်း ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။ စံချိန်တင်စျေးနှုန်းအနေဖြင့် သြဂုတ်လ ၁၂ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းသို့ ရောက်ရှိခဲ့ပြီး၊ သြဂုတ်လ ၁၃ တစ်ရက်တည်းတွင် နံနက်ပိုင်း၌  ၂၇ သိန်း၊ နေ့လည်ပိုင်းတွင်၂၈ သိန်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး၊ သြဂုတ်လ ၃၁ ရက်က ၃၆၇၀၀၀၀ ထိစံချိန်တင် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

     ၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာလ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

      ရွှေစျေးနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။ လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်လတွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ စက်တင်ဘာလတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာလတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာလတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာလတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိခဲ့ခြင်းဖြစ်သည်။ ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအပေါ်မူတည်၍ အရောင်းအဝယ် ပြုလုပ်ရန်  ညွှန်ကြားထားသော်လည်း ရွှေဆိုင်အများစုမှာ ပြင်ပပေါက်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရသည်။ လက်ရှိတွင် ရွှေအရောင်းဆိုင်များတွင် အဆိုပါ သတ်မှတ်စျေးနှုန်းအား အရောင်းဘောက်ချာတွင် သာရေး၍ရောင်းချခြင်းဖြစ်ပြီး လက်တွေ့ဝယ်ယူရာတွင် ပြင်ပပေါက်စျေးဖြင့်သာ ပေးချေဝယ်ယူနေရခြင်းဖြစ်သည်။

Source: https://news-eleven.com/article/248409
 

Category: Local News