Local News

တက္တနပ်ရှိ Sonali Bank ကို ဘင်္ဂလားဗဟိုဘဏ်မှ လာရောက်စာရင်းစစ်ဆေးနေသဖြင့် Bank Draft ထုတ်ပေးမှုအား ယာယီရပ်ဆိုင်း

Last Updated:

        ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ တက္တနပ်မြို့ရှိ Sonali Bank နှင့်  AB Bank တို့မှ Bank Draft များကို ထုတ်ပေးခဲ့သော်လည်း AB Bank မှ Bank Draft ထုတ်ပေးမှုအား ဆက်လက်ရပ်ဆိုင်းလျက်ရှိပြီး Sonali Bank နှင့် Bank Draft များကို ဆက်လက်ထုတ်ပေးခဲ့သောကြောင့် မြန်မာဘက်မှ (Exporter) သမားများနှင့် တစ်ဖက်နိုင်ငံမှ (Importer) သမားများအတွက် အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။ ယခုအခါ တက္တနပ်မြို့ရှိ Sonali Bank ကို ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်မှ လာရောက်စာရင်းစစ်ဆေးနေသဖြင့် Bank Draft ထုတ်ပေးမှုအား ယာယီရပ်ဆိုင်းထားရှိပြီး နောက်လာမည့်သီတင်းပတ် (၂၂-၅-၂၀၂၃) ရက်နေ့လောက်မှသာ ထုတ်ပေးမည်ဟု ကုန်သည်များထံမှ စုံစမ်းသိရှိရသည် ။

Source: https://commerce.gov.mm
 

Category: Local News