Local News

ကျွန်းလှမြို့တွင် ရောင်းချနေသော ကြက်သွန်ဖြူ ဈေးနှုန်း

Last Updated:

၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးကွက်အတွင်း ကြက်သွန်ဖြူကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီးမှ အများဆုံးမှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ကျွန်းလှမြို့နယ်တွင် ယခု ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်တွင် ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀) (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၀၀၀)နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင်ကျပ်(၁၀၀၀၀)၊(၂၅)ကျပ်သားလျှင်ကျပ်(၂၅၀၀)ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်တွင် ကြက်သွန်ဖြူ အရောင်းအဝယ် လုပ်နေသူထံမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News