International News

ဗီယက်နမ်နိုင်ငံ အစေ့မဲ့ လိုင်ချီး ဂျပန်နိုင်ငံနှင့် ယူကေနိုင်ငံသို့ တင်ပို့

Last Updated:

          ပြည်ပမှ တင်သွင်းပြီး မြေဧရိယာ ၃၀ ဟက်တာတွင် လိုင်ချီးစမ်းသပ်စိုက်ပျိုးခဲ့ရာ အသီးအထွက်နှုန်း မြင့်မားခဲ့ပြီး ၁,၁၀၀ ကီလိုဂရမ်ကို ဂျပန်နှင့်  ယူကေသို့   တင်ပို့ခဲ့သည်။   ပုံမှန်  လိုင်ချီးများထက် သကြားနည်းသည်။ ဆီးချိုရောဂါ ရှိသူများ စားသုံးနိုင်သည်။ ရောင်းဈေးမှာ သာမန်လိုင်ချီးထက် အဆ ၂၀ မြင့်သည်။ ဗီယက်နမ်နိုင်ငံတွင် မစိုက်ပျိုးမီက ဗီယက်နမ်ကုန်သည်များသည် ဂျပန်မှ သွင်းကုန်များကို တစ်ကီလိုလျှင် ဒေါင် ၅ သန်းအထိ ဈေးနှုန်းအမြင့်ဖြင့်ရောင်းချလေ့ရှိသည်။

          Ho Guom – Song Am High Tech Agriculture ကုမ္ပဏီက စိုက်ပျိုး ထုတ်လုပ်သည်။ တိုးချဲ့ စိုက်ပျိူရန် ၁,၀၀၀ ဟက်တာ လျာထားသည်။ လက်ရှိ ၃၀ ဟက်တာ လိုင်ချီးခြံသည် ဇွန်လကုန်အထိ ၁၅ တန် ထုတ်လုပ်ခဲ့သည်။ မြောက်ပိုင်းမှ Bac Giang ပြည်နယ်တွင် ၂၀၁၉ ခုနှစ်မှာ အစေ့မဲ့ လိုင်ချီးပင် ၅၀၀ ကျော်ကို စိုက်ပျိုးခဲ့ပြီး ယခင်နှစ်တွင် အထွက်နှုန်း မြင့်မားခဲ့သည်။ သို့သော် စမ်းသပ်သုတေသနအဆင့်တွင်သာ ရှိနေသေးသည်။ စီးပွားဖြစ် ထုတ်လုပ်ခြင်း မပြုသေးပါ။

Source: https://www.foodindustrydirectory.com.mm

Category: International News