Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၅.၀၆၄) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၃.၅၇၈) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏအနေဖြင့် (၁၈.၆၄၂) ဒေါ်လာသန်း ဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း  လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၂.၂၇၉) ဒေါ်လာသန်း၊ သွင်းကုန် (၂.၉၆၈) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏ ( ၅.၂၄၇ ) ဒေါ်လာသန်းဖြစ်၍ ယခင်နှစ် ကာလတူထက် ပို့ကုန် (၂.၇၈၅) ဒေါ်လာသန်း၊ သွင်းကုန် (၁၀.၆၁၀) ဒေါ်လာသန်း ပိုမိုခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏ (၁၃.၃၉၅) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

တင်ပို့သည့် ပို့ကုန်ပစ္စည်းများအနက် ဆန်ကွဲ၊ ပြောင်း၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ ပဲယင်း၊ နိုင်လွန်ပဲ၊ မြေပဲဆံ၊ ဘိုကိတ်ပဲ၊ ပဲနီကြား၊ ပဲကြီး၊ နှမ်းနက်၊လက်ဖက်ခြောက်၊  ရော်ဘာကြမ်း၊ အရက်ဆီနှင့် CMP ပစ္စည်းများ တင်ပို့မှုပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ယခုတစ်ပတ်တွင် အများဆုံးပို့ကုန် ( ၁၀ ) မျိုးမှာ ရော်ဘာ  ၈၀၈.၅၀၀ တန်၊ ပဲတီစိမ်း  ၁၀၀၂.၅၀၀ တန်၊ ပဲယင်း ၉၈၅.၉၀၀ တန်၊ ပြောင်း ၁၉၅၁.၅၀၀ တန်၊ မြေထောက်ပဲ  ၂၆၆.၅၀၀ တန်၊ ပဲလွန်းဖြူ ၅၇၈.၅၀၀ တန်၊ ဆန်ကွဲ ၄၈၃.၂၅၀ တန်၊ စွန်တာနီပဲ ၃၀၅.၉၈၉ တန်၊ ပဲနီကြား ၃၅၈.၀၀၀ တန်နှင့်  CMP ၂၅၈၄၄  ခု ဖြစ်သည်။

ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန် ( ၁၀ ) မျိုးမှာ ချည်ထည်များ (၅.၀၄၉) ဒေါ်လာသန်း၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်း (၂.၈၆၃) ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်း (၁.၄၅၄ ဒေါ်လာသန်း၊ အထည်အလိပ်များ (၁.၂၅၁)ဒေါ်လာသန်း၊ လူသုံးအခြားပစ္စည်း (၀.၇၀၈) ဒေါ်လာသန်း၊ ဓာတ်မြေသြဇာများ (၀.၅၉၅) ဒေါ်လာသန်း၊ သားရေတုဖြင့်ပြုလုပ်သော ပစ္စည်းများ  (၀.၂၃၄) ဒေါ်လာသန်း၊ ရင်းနှီးအခြားပစ္စည်း (၀.၂၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၂၁၀) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ ( ၀.၁၉၆ ) ဒေါ်လာသန်း ဖြစ်သည်။

Source: https://commerce.gov.mm

Category: Local News