Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ ၁၂-၉-၂၀၂၃ ရက်နေ့မှ ၁၅-၉-၂၀၂၃ ရက်နေ့အထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ငရုတ်၊ ကြက်သွန်နီနှင့် CMP အထည်ချုပ် ပစ္စည်းများအများဆုံးတင်ပို့ခဲ့ပြီး ဂေါ်ဖီ၊ ကွမ်းသီးခြောက်၊ မြေပဲ၊ ရေထွက်ပစ္စည်းဖြစ်သည့် ငါးကြင်းဆီဖောင်း၊ ဂုံး၊ ငါးမြွေထိုး၊ ငါးပါးလျှပ်၊ CMP အထည်ချုပ်ပစ္စည်းများနှင့်တွင်းထွက်ပစ္စည်းများဖြစ်သည့် ခဲ/ သတ္တုတို့ကို တင်ပို့ခဲ့သည်။ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် ချုပ်ပြီးအဝတ်အထည်(GARMENT)၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ အများဆုံးတင်သွင်းခဲ့ပြီး တိရစ္ဆာန်အစာ၊ စက်ဘီး၊ စက်ဘီးအပို ပစ္စည်း၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ယာဉ်ယန္တရားများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ အိမ်သုတ်ဆေး၊ လျှပ်စစ်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆေးဝါးများ၊ ဖိနပ်၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ဓာတ်မြေဩဇာနှင့် ငါးဖမ်းပစ္စည်းတို့ တင်သွင်းခဲ့သည်။

ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်သီးနှံများကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်းစစ်ဆေးမှု များတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။

၉-၉-၂၀၂၃ မှ ၁၅-၉-၂၀၂၃ ရက်နေ့အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ ၁၀၉၆.၀၀၀ တန်၊ ချုပ်ပြီးအထည် ၆၁၁၀၅ ထည်၊ ငရုတ်သီး(ခြောက်) ၉၁.၇၇၅ တန်၊ ငရုတ်သီး(စိမ်း)(အစို)  ၄၄၂.၄၀၄ တန်၊ ကွမ်းသီး ၁၁၇.၀၀၀ တန်၊ မြေပဲဆံ ၉၉.၇၅၀ တန်၊ ငါးမျိုးစုံ  ၅.၉၆၀ တန်၊ အခြားရေထွက် ပစ္စည်း ၁၅.၈၇၀ တန်၊ ဂေါ်ဖီထုပ် ၆၆၉.၀၀၀ တန်နှင့် သတ္တုနှင့် သတ္တုရိုင်းများ (၁၈၀) တန်တို့ဖြစ်ပါသည်။ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀) မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၄.၉၇၆) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ ၁.၇၃၅ ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ ၁.၁၉၆ ဒေါ်လာသန်း၊ ဆပ်ပြာ ၁.၀၉၄ ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ ၁.၀၇၆ ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ ၁.၀၇၄ ဒေါ်လာသန်း၊ သံနှင့် သံမဏိပစ္စည်းများ ၀.၇၆၂ ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ ၀.၉၄၀ ဒေါ်လာသန်း၊ ဘတ္တရီအခြောက်များ ၀.၅၀၉ ဒေါ်လာသန်းနှင့် အခြားစက္ကူများ ၀.၈၉၇ ဒေါ်လာသန်းတို့ ဖြစ်သည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၉.၆၅၇) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၅၂.၁၄၂) ကန်ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ (၆၁.၇၉၉) ကန်ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့သည်။ ငွေစျေးနှုန်းအနေဖြင့် တစ်ဘတ်လျှင် (၉၇.၀၉) ကျပ် ဖြစ်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News