မြန်မာနိုင်ငံမှ ပြောင်း တန်ချိန် ၄၀,၀၀၀ မှ ၆၀,၀၀၀ ဝန်းကျင် အထိကို တရုတ်နိုင်ငံမှ ဝယ်ယူလျက်ရှိတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှ
“တရုတ်နိုင်ငံကိုလည်း Normal Trade ကတင်ပို့ဖို့ ကြိုးစားနေတယ်ပေါ့နော်။ ဒါကလည်းတစ်ချက်ပေါ့၊ Border trade ဘက်မှာဆိုရင် ဘာရှိလည်းဆိုတော့ ၉ လပိုင်းကုန်တာနဲ့ တရုတ်နိုင်ငံဘက်ကနေပြီးတော့ သူနဲ့ နယ်မြေခြင်းထိစပ်တဲ့ ရှမ်းတောင်၊ ရှမ်းမြောက်၊ ရှမ်းအရှေ့ပေါ့နော်၊ ရှမ်းပြည်နယ်မှာထွက်တဲ့ ဒေသထွက်ပြောင်းတွေကို ဘိန်းအစားထိုး ကုန်စည်အဖြစ်ပြန်ဝယ် တာရှိတယ်။ နှစ်စဉ်တန်ချိန် လေးသောင်းကနေပြီးတော့ ခြောက်သောင်းကြားပြန်ဝယ်တယ်။ ဒါက ကန့်သတ်တဲ့ပမာဏပေါ့။ Quota ပေးပြီးပြန်ဝယ်တာလည်းရှိတယ်။ အဲဒါတွေကို ဒီလ ကုန်တင်ပို့တော့မယ်” လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှ
ဒီအပြင် တရုတ်-မြန်မာ နှစ်နိုင်ငံသဘောတူညီချက် GACC စနစ်အရ တင်ပို့ဖို့လည်းဆောင်ရွက်နေပြီး ၂၀၂၂ ခုနှစ်မှာ GACC တင်ပို့ခွင့်ရ ကုမ္ပဏီ ၁၀၆ ခုရှိတယ်လို့လည်းသိရပါတယ်။ အဓိကအားဖြင့် နှစ်စဉ်ထွက်ရှိတဲ့ ပြောင်းများဟာ အိမ်နီးနားချင်းနိုင်ငံများတွင် ဈေးကွက်ခိုင်မာစွာရရှိထားပြီး နောင်နှစ်ပေါင်း သုံးလေးငါးနှစ်အထိ ဒေသတွင်းနိုင်ငံများရဲ့ပြောင်း လိုအပ်ချက်များ ကြောင့် လက်ရှိ အတိုင်းရှိနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအပြင် ဈေးကွက်တည်မြဲစေဖို့ တောင်သူ၊ ကုန်သည်၊ တင်ပို့ရောင်းချသူ အားလုံးဟာ သတ်မှတ်စည်းကမ်းများ အတိုင်းလိုက်နာပြီး မိမိတို့နိုင်ငံကထွက်ရှိတဲ့ပြော
မြန်မာနိုင်ငံအနေနဲ့ ရှမ်းပြည်နယ်မှာ လက်ဖက်၊ ကြံ၊ ထောပတ်သီးပင်နဲ့ ပြောင်း အပါအဝင် အခြားအစားထိုး နှစ်ရှည်သီးပင်များကို စိုက်ပျိုးကာ ပြည်ပဈေးကွက်သို့ တင်ပို့နေတယ် လို့ သိရပါတယ်။
Source: https://t.me/htwettoe