Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့အတွင်း ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၄၆၇) တန်နှင့် လောင်စာတောင့် ဈေးနှုန်းတစ်တန်လျှင် (၁၆၈၀) ယွမ်/ (၂၃၀) ဒေါ်လာတို့ဖြင့် တန်ချိန် (၂၅.၀၀၀) တန်နှင့် ရှောက်ကောသီး ဈေးနှုန်းတစ်တန် လျှင် (၈၀၀၀) ယွမ်/ (၁၀၉၄) ဒေါ်လာတို့ဖြင့် တန်ချိန် (၁၆.၀၀၀) တန် တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် ပိုတက်ဆီယမ် ဓါတ်မြေဩဇာ (POTASSIUM FERTILIZER) ဈေးနှုန်း တစ်တန်လျှင် (၂၆၀၀) ဒေါ်လာဖြင့် တန်ချိန် (၁၆၀.၀၀၀) တန်၊ သံပြားလိပ် (Iron Sheet In Coil) ဈေးနှုန်း တစ်တန်လျှင် (၅၀၂၀) ဒေါ်လာဖြင့် တန်ချိန် (၃၂.၂၅၀) တန်၊ သံမှို (Iron Nail) ဈေးနှုန်းတစ်တန် လျှင် (၆၆၀) ဒေါ်လာဖြင့် တန်ချိန် (၅၈၈၈၇.၃၀၀) တန်၊ သံပိုက် (Iron Pipe) ဈေးနှုန်း တစ်တန် လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၆၇.၅၀၀) တန်၊ မြက်ခင်းတု (Artificial Grass) ဈေးနှုန်း တစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၁၀၂.၉၀၀) တန်၊ ပန်းသီးတစ်တန်လျှင် (၄၂၃) ဒေါ်လာဖြင့် တန်ချိန် (၄၃.၁၀၀)တန်၊ လိမ္မော်သီး တစ်တန်လျှင် (၂၃၀) ဒေါ်လာဖြင့်  တန်ချိန်  (၆၅.၁၀)တန်၊ ကြွေပြား (Ceramic Tile Plain) ဈေးနှုန်း တစ်စတုရန်း မီတာလျှင် (၄.၁) ဒေါ်လာဖြင့် (၁၂၂၀၆) စတုရန်းမီတာ၊ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည်များ) တင်သွင်းနိုင်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News