Local News

လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၁၆-၁၀-၂၀၂၃ မှ ၁၇-၁၀-၂၀၂၃ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၅၅.၀၀) တန်နှင့် ပြောင်း (၃၀.၀၀) တန် တင်ပို့ နိုင်ခဲ့သည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန် လျှင်(၄၀၈) ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ် တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၆၀) ဒေါ်လာ၊ မြေထောက်ပဲ တစ်တန်လျှင် (၁၄၈၄) ဒေါ်လာနှင့် ရာဘာ တစ်တန်လျှင် (၁၃၀၀) ဒေါ်လာဖြစ်ကြောင်း သိရှိရသည်။ ယခုအပတ်အတွင်း ပတ္တာကြိုး (၁၅.၀၀) တန်၊ ကော်စေ့ (၁၃.၄၀)တန်နှင့် ကုန်စုံ (၄၁.၅၀) တန် တင်သွင်းနိုင်ခဲ့သည်။

သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် နှစ်ဘီးထွန်စက် တစ်စီးလျှင် (၆၀၀) ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာနှင့် ပိတ်လိပ် တစ်တန်လျှင် (၅၇၀) ဒေါ်လာဖြစ်ကြောင်းသိရှိရသည်။

လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၁၇-၁၀-၂၀၂၃ ရက်နေ့တွင် (၁) ယွမ် လျှင် (၄၅၀) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News