Local News

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ ဈေးနှုန်းနှင့်အရောင်းအဝယ်ဖြစ်မှု

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာကုန်စည်ဒိုင်၌ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲ၊ စွန်တာနီ/ ပြာ၊ ထောပတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ မြေပဲဆံ၊ နှမ်း စသည်ဖြင့် သီးနှံမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မုံရွာကုန်စည်ဒိုင်ရှိပဲသီးနှံများ၏ ဈေးနှုန်းနှင့်အရောင်းအဝယ်ဖြစ်မှုအနေဖြင့် အောက်တိုဘာလ (တတိယပတ်) တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၈၅,၅၀၀၊ ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၁၂၅,၅၀၀၊ ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၅၅,၀၀၀၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ကျပ် ၉၁,၅၀၀၊ 929 ကုလားပဲတစ်တင်းလျှင် ကျပ် ၈၈,၅၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၈၈,၀၀၀၊ စွန်တာနီ/ပြာ ပဲတစ်တင်းလျှင် ကျပ် ၅၅,၀၀၀၊ ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၁၀၂,၀၀၀၊ အစေ့ ထုတ်ပြောင်း တစ်တင်းလျှင် ကျပ် ၁၈,၀၀၀၊ မြေပဲဆံ (နီ) တစ်ပိဿာလျှင် ကျပ် ၆,၇၀၀၊ မြေပဲဆံ (ဖြူ) တစ်ပိဿာလျှင် ကျပ် ၆,၅၀၀၊ နှမ်း(နက်) တစ်တင်းလျှင် ကျပ် ၁၁၆,၀၀၀၊ နှမ်း(ညို) တစ်တင်းလျှင်ကျပ် ၉၆,၀၀၀ စသည့် ဈေးနှုန်းများဖြင့် တစ်ရက်လျှင် မတ်ပဲအိတ်ရေ (၅-၁၀) အိတ် ခန့်၊ ပဲစင်းငုံအိတ်ရေ (၃-၅) အိတ်ခန့်၊ ပဲတီစိမ်းအိတ်ရေ (၉-၁၀) အိတ်ခန့်၊ ကုလားပဲအိတ်ရေ (၁၀-၁၅)အိတ်ခန့်၊ စွန်တာနီ/ပြာ (၅-၇)အိတ်ခန့်၊ ထောပတ်ပဲ (၅-၁၀) အိတ်ခန့်၊ အစေ့ထုတ်ပြောင်း (၃-၅) အိတ်ခန့်၊ မြေပဲဆံ(၂၀-၂၅) အိတ်ခန့်၊ နှမ်း (၁၀-၁၅) အိတ်ခန့် စသည်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်စည်ဒိုင်စာရင်းများအရ သိရသည်။ မုံရွာကုန်စည်ဒိုင်၌ ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးနှုန်းများထက် ယခုနှစ်တွင် ဈေးနှုန်းပိုမိုကောင်းမွန်လျက်ရှိကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရ သိရသည်။

Source: https://commerce.gov.mm

Category: Local News