Local News

မြင်းခြံခရိုင်ရှိ ကြက်သွန်နီဈေးနှုန်းဈေးကွက်

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ ကန်ဆင့်ရွာ၊ ဗလုံရွာ၊ ဖောင်းကားရွာ၊ လက်ဝဲရွာ၊ မြင်းနီရွာ၊ နနွင်းတော်ဘိုးရွာ၊ တလုပ်မြို့ရွာနှင့် ကိုင်းရွာများမှ ထွက်ရှိသော ကြက်သွန်နီများမှာ အရည်အသွေးကောင်းမွန်ပြီး၊ သိုလှောင်ရာတွင် အထားခံသောကြောင့် ဈေးကောင်းရကြောင်း၊ ကြက်သွန်နီထွက်ရှိသော ကျေးရွာများမှ ပွဲရုံများသို့ ကြက်သွန်နီ ပျမ်းမျှကုန်ချိန် ပိဿာ (၅၀၀၀၀) မှ (၆၀၀၀၀)ကျော် နေ့စဉ်ဝင်ရောက်လေ့ရှိပြီး အရည်အသွေးအပေါ်မူတည်၍ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

ဈေးနှုန်းဈေးကွက်အနေဖြင့် အောက်တိုဘာလ (ဒုတိယပတ်) တွင် ကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် (၂,၆၀၀-၂,၈၀၀) ကျပ်၊ (အလတ်စ) တစ်ပိဿာလျှင် (၂,၃၀၀-၂,၅၀၀) ကျပ်၊ (အသေးစ) တစ်ပိဿာလျှင် (၂,၀၀၀-၂,၂၀၀) ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ မြင်းခြံခရိုင်းအတွင်းမှ ထွက်ရှိသော ကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်နှင့် မူဆယ်မြို့များသို့အပတ်စဉ် တင်ပို့လျက်ရှိကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News