မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းကို အဓိကစိုက်ပျိုးကြပါသည်။ ယခုအခါတွင် သုံးလမြေပဲများဖြိုင်ဖြိုင်ပေါ်နေပြီး မြေပဲဆံဈေးမှာလည်း အနည်းငယ်ကျဆင်းကြောင်းသိရှိရပါသည်။ ပခုက္ကူခရိုင်အတွင်းသို့ မြိုင်မြို့နယ်ရှိရွာများ၊ ပခုက္ကူ ကျွန်းများ၊ ပခုက္ကူမြို့အနောက်ဘက်ရှိရွာများမှ သုံးလမြေပဲများ လာရောက်အရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် သုံးလမြေပဲ၏ အခွံပါမြေပဲအတောင့် (ပဲလေး) ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် (၃၅၀၀-၃၆၀၀)၊ အခွံပါမြေပဲအတောင့်(ပဲကြီး)တစ်ပိဿာလျှင် လက်ကားဈေးမှာကျပ်(၃၅၀၀-၃၆၀၀) ဖြစ် ပြီး၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် အခွံပါမြေပဲအတောင့် (ပဲလေး) ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် (၃၀၀၀-၃၅၀၀)၊ အခွံပါမြေပဲအတောင့် (ပဲကြီး) တစ်ပိဿာလျှင် လက်ကားဈေးမှာ ကျပ်(၃၅၀၀-၃၆၅၀)၊ မြေပဲဆံ(ပဲလေး)အလုံးအသေး/အကြီးပေါ်မှုတည်၍ တစ်ပိဿာလျှင် ကျပ် (၅၆၀၀-၅၈၀၀)မှစ၍ ကျပ် (၆၀၀၀ -၆၂၀၀)၊ မြေပဲဆံပြန့်ရှယ်တစ်ပိဿာလျှင် ကျပ် (၅၈၀၀-၆၀၀၀)၊ မြေပဲဖြူလုံးဆံတစ်ပိဿာလျှင် ကျပ်(၅၇၀၀- ၅၈၀၀)၊ မြေပဲဆံရွေးကျ(ခွဲခြမ်း) တစ်ပိဿာလျှင် ကျပ်(၄၂၀၀-၄၃၀၀) ဖြင့် ဈေးငြိမ်လျက် အရောင်းအဝယ်ဖြစ်နေပါသည်။
မြေပဲဆံ(၃)လ/ (၆)လပဲများ ဖြိုင်ဖြိုင်ပေါ်သည့်အလျောက် မြေပဲဆုံဆီလုပ်ငန်များလည်း တွင်ကျယ်စွာလည်ပတ်လျက်ရှိပါသည်။ မြေပဲဆုံဆီကြိတ်ရာတွင် မြေပဲဆံများကို ပြာတီးသန့်စင်ခြင်း၊ မြေပဲအပုတ်စေ့များကိုရွေးထုတ်ပြီးမှာသာ မြေပဲဆံကြိတ်ရကြောင်း၊ မြေပဲဆံပဲလေးတစ်ပိဿာကြိတ်လျှင် ဆီ(၄၀-၄၂) ကျပ်သားထွက်ရှိကြောင်း၊ မြေပဲတစ်ဆုံကြိတ်လျှင် (၅)ပိဿာကြိတ်ရပြီး ဆီထွက်ရှိမှုမှာ (၂)ပိဿာ (၁၀) ကျပ်သားထွက်ရှိကြောင်း၊ မြေပဲဆုံကြိတ်ခမှာ တစ်စုံလျှင် ကျပ် (၇၀၀) ဖြင့် မြေပဲစုံ (၇) စုံရှိကြောင်း မြေပဲစုံကြိတ်သူထံမှသိရှိရပါသည်။ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ် (၁၃၀၀၀) မှ ကျပ် (၁၃၅၀၀)၊ စက်ပဲဆီသန့် တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၁၅၀၀)ဖြစ်ပြီး၊ ဆုံပဲခွေဖတ်တစ်ပိဿာလျှင် ကျပ်(၂၄၅၀)ဖြင့်ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့တင်ပို့နေကြောင်း ပခုက္ကူမြို့နယ်ဆုံဆီလုပ်ငန်းရှင်ထံမှသိရှိရပါသည်။
Source: https://www.doca.gov.mm