Local News

မေလအတွင်း ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့မှုမှ ဒေါ်လာ သန်း (၁၀၀) ကျော် ရရှိ

Last Updated:

          ပြီးခဲ့သည့် မေလ (၁) ရက်မှ (၃၁) ရက်ထိ တစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံ တန်ချိန် စုစုပေါင်း ၁၄၈,၂၂၀ ကျော် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ   အမေရိကန်ဒေါ်လာ သန်း (၁၁၀) ကျော် ရရှိခဲ့ကြောင်း သိရသည်။ မေလအတွင်း ပဲတီစိမ်းတင်ပို့မှုမှ တန်ချိန်စုစုပေါင်း ၇၇,၀ဝ၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၃.၈၈၅ သန်း၊ မတ်ပဲတင်ပို့မှုမှ တန်ချိန် ၅၂,၀ဝ၀ နီးပါးနှင့် အမေရိကန်ဒေါ်လာ ၄၄.ဝ၂၉ သန်း၊ ပဲစင်းငုံ တင်ပို့မှုမှ တန်ချိန် ၁၈,၅၀ဝ ခန့်နှင့် အမေရိကန်ဒေါ်လာ ၁၅.၆၆၀ သန်း ရရှိခဲ့ခြင်း ဖြစ်သည်။

          ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ ပဲတီစိမ်းတင်ပို့မှုမှာ မေလအတွင်း တန်ချိန် ၇၀,၇၀ဝ ကျော်နှင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၄၆.၃၀ဝ သန်း ရရှိခဲ့သည်။ ပဲတီစိမ်းကို ရေကြောင်းမှတရုတ်နိုင်ငံသို့  တန်ချိန် ၄၅,၄၈၀ ကျော်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၁၅,၅၂၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၂,၂၅၀ ကျော်၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၁,၆၇၀ ကျော်၊ ဥရောပနိုင်ငံများသို့ တန်ချိန် ၁,၄၇၀ ကျော်၊ ထိုင်းနိုင်ငံသို့ ၁,၃၆၀ တန်၊ ဖိလစ်ပိုင်နိုင်ငံသို့ ၁,၀၅၀ တန်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၇၉၀ ကျော် တင်ပို့ခဲ့ပြီး ထိုင်ဝမ်သို့လည်း အနည်းငယ် တင်ပို့နိုင်ခဲ့သည်။ ထို့ပြင် မြန်မာ-တရုတ်   နယ်စပ်ကုန်သွယ်မှုမှလည်း အမေရိကန်ဒေါ်လာ ၃.၈၈၅ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၆,၄၃၅ တန်ကို တင်ပို့ခဲ့ရာ မေလအတွင်း  ပဲတီစိမ်း ကုန်သွယ်မှု တန်ချိန်စုစုပေါင်း ၇၇,၀ဝ၀ ကျော် ရှိခဲ့သည်။

          မတ်ပဲတင်ပို့မှုမှာ မေလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု တန်ချိန် ၅၂,၀ဝ၀ နီးပါးရှိခဲ့ပြီး   နိုင်ငံအလိုက်   တင်ပို့မှုများအနေဖြင့်   အိန္ဒိယနိုင်ငံသို့   တန်ချိန်   ၄၀,ဝ၇၀   ကျော်၊စင်ကာပူနိုင်ငံသို့ တန်ချိန် ၃,၁၉၀ နီးပါး၊ ပါကစ္စတန်သို့ တန်ချိန် ၂,၇၀ဝ ကျော်၊ မလေးရှားသို့ ၁,၉၅၅ တန်၊ အင်ဒိုနီးရှားသို့ တန်ချိန် ၂၅၀၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဂျပန်နှင့် ဉရောပနိုင်ငံများသို့လည်း အနည်းငယ် တင်ပို့ခဲ့ပြီး မေလအတွင်း မတ်ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၄.ဝ၂၉ သန်း ဝင်ငွေ ရရှိခဲ့သည်။ မေလအတွင်း မြန်မာ-ထိုင်းနယ်စပ်မှ မတ်ပဲ ၅၇၆   တန်နှင့်    မြန်မာ-   ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ၁၃ တန် တင်ပို့ခဲ့သည်။ ရေကြောင်းနှင့်  နယ်စပ်မှ မတ်ပဲတန်ချိန် စုစုပေါင်း ၅၂,၅၈၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၄.၆၄၅ သန်း ရရှိခဲ့သည်။

            ပဲစင်းငုံ တင်ပို့မှုမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၇,၀၇၀ ကျော်၊ မလေးရှားနိုင်ငံသို့ ၁,၃၇၅ တန် တင်ပို့ခဲ့ပြီး  စင်ကာပူနှင့် ဥရောရောပနိုင်ငံများသို့လည်း အနည်းငယ်စီ တင်ပို့ခဲ့သဖြင့်  စုစုပေါင်း ပဲစင်းငုံ တင်ပို့မှု တန်ချိန် ၁၈,၅၀ဝ ခန့်နှင့် အမေရိကန်ဒေါ်လာ ၁၅.၆၆၀ သန်း ရရှိခဲ့သည်။ ထို့ကြောင့် မေလအတွင်း ပဲမျိုးစုံ တန်ချိန် စုစုပေါင်း ၁၄၈,၂၂၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။

Source: https://www.foodindustrydirectory.com.mm

Category: Local News