Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁) ရက်နေ့မှ ဇူလိုင်(၁၁) ရက်နေ့အထိ ကုန်သွယ်မှုအခြေအနေ

Last Updated:

     ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁) ရက်နေ့မှ ဇူလိုင်(၁၁) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၁၃.၂၅၀)ဒေါ်လာသန်း၊ သွင်းကုန် (၂၇.၄၈၀)ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ(၄၀.၇၃၀) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံးတင်ပို့ခဲ့သည့်  ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ  ပဲတီစိမ်း(၆၉၃၄.၅၂)တန်၊  တန်ဖိုး   (၄.၆၆၈)   ဒေါ်လာသန်း၊  ပဲယင်း (၃၆၈၃.၂၅)တန်၊ တန်ဖိုး (၂.၉၉၆)ဒေါ်လာသန်း၊ မြေထောက်ပဲ(၁၀၈၅.၃၈)တန်၊ တန်ဖိုး(၁.၅၃၇)ဒေါ်လာသန်း၊ ရာဘာ(၁၀၉၆.၂၅)တန်၊ တန်ဖိုး(၀.၇၃၃)ဒေါ်လာသန်း၊ ဆန်ကွဲ (၁၆၄၁.၅၀) တန်၊ တန်ဖိုး(၀.၆၅၂)ဒေါ်လာသန်း၊ ရေ်ဘာကြမ်း(၅၅၄.၂၅)တန်၊ တန်ဖိုး(၀.၄၅၂)ဒေါ်လာသန်း၊ ထောပတ်ပဲ (၃၇၄.၂၅)တန်၊ တန်ဖိုး(၀.၄၀၀)ဒေါ်လာသန်း၊ စွန်တာနီပဲ (၅၄၄.၅၀) တန်၊ တန်ဖိုး(၀.၃၂၇)ဒေါ်လာသန်း၊ ပဲကြီး(၁၀၂.၀၀)တန်၊ တန်ဖိုး(၀.၁၀၃)ဒေါ်လာသန်း၊ နှမ်းနက်(၆၄.၅၀)တန်၊ တန်ဖိုး(၀.၁၀၀)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

    အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၉.၇၇၅)ဒေါ်လာသန်း၊ ဓာတ်မြေဩဇာ (၄.၁၀၈)ဒေါ်လာသန်း၊ ချည်ထည်များ (၃.၁၃၄) ဒေါ်လားသန်း၊ သံနှင့်သံမဏိပစ္စည်းများ(လုပ်ငန်းသုံး) (၀.၇၅၂)ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသော အထည်အလိပ်များ (၀.၇၄၉)ဒေါ်လာသန်း၊ လေအေးစက်များ (၀.၆၇၈) ဒေါ်လာသန်း၊ စက်နှင့်စက်အပို ပစ္စည်းများ (၀.၅၉၃) ဒေါ်လာသန်း၊ လျှပ်စစ်နှင့်လျှပ်စစ်အပိုပစ္စည်း (၀.၃၄၉)ဒေါ်လာသန်း၊ ဓာတုဗေဒ ချည်ခင်များ(၀.၁၉၃) ဒေါ်လာသန်းနှင့် မီးဖိုချောင်သုံးပစ္စည်းများ (၀.၁၁၇)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။

      ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန်ကားခ   တစ်ပိဿာလျှင်   (၈၀)ကျပ်ရှိကြောင်း   သိရှိရသည်။  အဆင်းကုန် ကုန်ကျစ်ကားခ  တစ်ပိဿာလျှင်(၁၇၀) ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ်ရှိကြောင်း သိရသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ ဆန်(၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း(၈၄၂)ဒေါ်လာနှုန်း၊ မြေထောက်ပဲ(၁၁၄၂)ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ(၆၇၁)ဒေါ်လာနှုန်း၊ ပြောင်း(၃၂၈)ဒေါ်လာနှုန်း၊ နှမ်း(၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ(၁၁၄၂)ဒေါ်လာနှုန်း၊ ငရုတ်အစို(၇၁၄)ဒေါ်လာနှုန်း၊ ငရုတ်ခြောက်(၁၂၈၅) ဒေါ်လာ နှုန်းရှိခဲ့ကြောင်း သိရှိရသည်။ မန္တလေး၊   လားရှိုး၊  သိန္ဒီ၊  ကွမ်းလုံ၊  ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး  ပို့ကုန် ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာသွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News