Local News

လွယ်ဂျယ်နယ်စပ်၏ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်မှ ၁၂ရက်နေ့အတွင်း ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

     လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၀ မှ ၁၂ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် AluminiunIngot(၃၃.၅၆)တန်၊ တန်ဖိုး(၀.၀၅၈) ဒေါ်လာသန်း၊ ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။ ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန်တစ်တန်လျှင် (၄၆၉)ဒေါ်လာ၊ ဆန်ကွဲတစ်တန်လျှင်(၄၀၈)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင်(၃၃၄)ဒေါ်လာ၊ AluminiunIngot တစ်တန်လျှင် (၁၇၂၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရသည်။

     ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့် ရိတ်သိမ်းချွေလှေ့စက်(၁)U ၊ တန်ဖိုး(၀.၀၁၀) ဒေါ်လာသန်း၊ ပီနံအိတ် (၁၃.၀၀) တန်၊ တန်ဖိုး(၀.၀၁၀) ဒေါ်လာသန်း၊ ဓါတ်မြေဩဇာ (၆၄.၀၀)တန်၊ တန်ဖိုး(၀.၀၂၅)ဒေါ်လာသန်း၊ သွပ်ပြား(၁၆.၀၀)တန်၊ တန်ဖိုး (၀.၀၁၁)ဒေါ်လာသန်း၊ ထွန်စက်(၆)U၊ တန်ဖိုး(၀.၀၂၄)ဒေါ်လာသန်း၊ ကုန်စုံ(၁၆၆.၅၀)တန်၊ (၂၅၁၈၀)U၊ တန်ဖိုး(၀.၁၂၉)ဒေါ်လာသန်း၊ ကော်စေ့ (၁၉.၅၀)တန်၊ တန်ဖိုး(၀.၀၁၇)ဒေါ်လာသန်း၊ မြက်ခင်းတု(၇.၅၀)တန်၊ တန်ဖိုး(၀.၀၀၆) ဒေါ်လာသန်း၊ ပိတ်လိပ်(၃၅.၀၀)တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ သားရေတု(၁၄.၀၀)တန်၊ တန်ဖိုး (၀.၀၀၉)ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့သည်။

     သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ(Organic Fertilizer)တစ်တန်လျှင် (၂၅၀)ဒေါ်လာ၊ ဓါတ်မြေဩဇာ(Compound Fertilizer) တစ်တန်လျှင်(၃၉၈)ဒေါ်လာ၊ ထွန်စက်တစ်စီးလျှင်(၄၀၀၀)ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင် (၇၉၇)ဒေါ်လာ၊ ကော်စေ့တစ်တန်လျှင်(၁၀၀၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

     ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက်   ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက်(ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်  လမ်းကြောင်း၊   ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအား  ဗန်းမော် - မိုးမောက်(ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်   လမ်းကြောင်းအတိုင်း  တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား  လွယ်ဂျယ်-စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။ လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေနဲ့ ၉-၇-၂၀၂၃ ရက်နေ့မှာ (၁)ယွမ်လျှင် (၄၂၈)ကျပ်ဖြစ်ခဲ့ပြီး ၁၁-၇-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၂၉)ကျပ်ဖြစ်၍မြန်မာကျပ်ငွေဈေးအနည်းငယ်ကျခဲ့ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News