Local News

မြဝတီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှုအခြေအနေ

Last Updated:

     မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၈-၇-၂၀၂၃)ရက်နေ့မှ(၁၀-၇-၂၀၂၃)ရက်နေ့ထိပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့်ဂေါ်ဖီထုပ်၊ ငရုတ်၊ကြက်သွန်နီ၊ ပြောင်း၊ ကြက်ဟင်းခါးစေ့၊ သခွားစေ့၊ ရေထွက်ကုန်များဖြစ်သည့်ဂုံး၊ ရွှံ့ကဏန်း၊ ကဏန်းနှင့်CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များတင်ပို့ခဲ့သည်။ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ CMP၊ပြောင်း၊ ငရုတ်၊ ကြက်သွန်နီ၊ ‌ဂေါ်ဖီထုပ်၊ သခွားစေ့၊ ကြက်ဟင်းခါးစေ့၊ ရေထွက်ကုန်ပစ္စည်းနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

     ယခုအခါထိုင်းနိုင်ငံမှစားသောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့်စားသောက်ကုန်ပစ္စည်းဝယ်လိုအားမြှင့်တက်နေ၍ယခင်နှစ်ကထက်ပိုမိုတင်ပို့နိုင်ခဲ့သည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ကုန်စိမ်းပို့ကုန်များဖြစ်သည့်ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့်ငရုတ်များကိုအမြန်တင်ပို့နိုင်ရေးအတွက်ဆောင်ရွက်ပေးလျက်ရှိသည်။

     သွင်းကုန်ပစ္စည်းများအနေဖြင့်တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊လျှပ်စစ်ပစ္စည်း၊စားသောက်ကုန်၊ ဖိနပ်၊ သစ်သီး၊ Garment၊ ဓါတ်မြေဩဇာ၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ဆေးနှင့်ဆေးပစ္စည်း၊ Packing Material၊ အိမ်သုတ်ဆေး၊ ကုန်ကြမ်းပစ္စည်း၊ Tractor ၊ အသုံးပြုပြီးယန္တရားစက်ပစ္စည်း၊ ငါးဖမ်းပစ္စည်း၊ စက်ဆီ/ချောဆီ၊ LPG(ဓာတ်ငွေ့ရည်)နှင့် အလှကုန်ပစ္စည်းတို့တင်သွင်းခဲ့ပါသည်။ (၈-၇-၂၀၂၃မှ ၁၀-၇-၂၀၂၃) ရက်နေ့ထိအများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ Garment ၊ ဓါတ်မြေဩဇာ၊ စားသောက်ကုန်၊ စက်ဆီ/ချောဆီ၊ LPG(ဓာတ်ငွေ့ရည်)၊ Tractor ၊ အသုံးပြုပြီးယန္တရားစက်ပစ္စည်း၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ သစ်သီးနှင့်အခြားပစ္စည်းတို့ဖြစ်သည်။

     ငွေစျေးနှုန်းအနေဖြင့်ယခင်အပတ်ကတစ်ဘတ်လျှင် (၈၇.၃၃) ကျပ်ရှိပြီးယခုအပတ်တွင်လည်း(၈၈.၁၁)ကျပ်သာရှိ၍ ဘတ်စျေးအနည်းငယ်တက်ခဲ့ပါကြောင်းနှင့်ကုန်ပစ္စည်းများတင်ပို့၊ တင်သွင်းခြင်းကို ရန်ကုန်-ဘားအံ-မြဝတီကုန်သွယ်မှုလမ်းကြောင်းအတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။ (၁-၇-၂၀၂၃မှ၇-၇-၂၀၂၃)ရက်နေ့ထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပြောင်း(၁)တန်လျှင် ပျမ်းမျှ(၃၀၆.၇၂၀)ဒေါ်လာဖြင့် (၁၇၅၂၇.၄၀၆)တန်(၅.၃၇၆)ဒေါ်လာသန်း၊ ချုပ်ပြီးအထည်(၂.၀၈၇)တန် (၁၂၉၅၃၄) (U)ဖြင့် (၁.၅၂၅) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် (၅၂၆.၃၅၀)ဒေါ်လာဖြင့် (၁၅၁၈.၀၀၀)တန်(၀.၇၉၉)ဒေါ်လာသန်း၊ ဂေါ်ဖီထုပ်(၁)တန်လျှင် (၂၀၂.6၃၁)ဒေါ်လာဖြင့် (၉၄၂.၆၀၀)တန်(၀.၁၉၁)ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁)တန်လျှင် (၁၄၈၀.၀၀၀)ဒေါ်လာဖြင့် (၂၅)တန် (၀.၀၃၇)ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်)(၁)တန်လျှင် (၁၆၅၉.၈၂၆)ဒေါ်လာဖြင့် (၁၁၀.၈၅၅)တန် (၀.၁၈၄)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း) (အစို)(၁)တန်လျှင် (၆၈၅.၈၁၇) ဒေါ်လာဖြင့် (၇၀၈.၆၄၄)တန် (၀.၄၈၆)ဒေါ်လာသန်း၊ မန်ကျီးသီး (အစေ့ပါ) (၁)တန်လျှင် (၃၄၃.၇၅)ဒေါ်လာဖြင့် (၆၄)တန် (၀.၀၂၂)ဒေါ်လာသန်း၊ နနွင်းတက်(၁)တန်လျှင် (၃၉၈.၆၆၆)ဒေါ်လာဖြင့် (၂၇.၅၉၂)တန်(၀.၀၁၁)ဒေါ်လာသန်းနှင့် ငါးမျိုးစုံ(၁)တန်လျှင် (၉၀၀)ဒေါ်လာဖြင့် (၁၀.၀၁၀)တန် (၀.၀၀၉)ဒေါ်လာသန်းတို့ဖြစ်ပါသည်။ ပို့ကုန်ကားခအနေဖြင့် ယာဉ်အမျိုးအစားအလိုက် (၁၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၁၂၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ(၁၃၀)ကျပ်၊ (၂၂)ဘီးယာဉ် ၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ (၉၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၀၀)ကျပ်ရှိသည်။

   (၁-၇-၂၀၂၃မှ၇-၇-၂၀၂၃)ရက်နေ့ထိအများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၄.၃၆၅)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၁.၁၅၆) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်း (၁.၁၈၇)ဒေါ်လာသန်း၊ အခြားစက္ကူများ(၀.၆၃၅)ဒေါ်လာသန်း၊ ချည်ထည်များ (၀.၅၆၁) ဒေါ်လာသန်း၊ဆပ်ပြာ(၀.၅၀၈)ဒေါ်လာသန်း၊ သားရေ၊သားရည်တုဖြင့် ပြုလုပ်ထားသောပစ္စည်းများ (၀.၄၉၇) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၈၀၁) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၀၇၉)ဒေါ်လာသန်းနှင့်လေအေးစက်များ (၀.၄၇၀) ဒေါ်လာသန်းတို့ဖြစ်ပါသည်။ သွင်းကုန်ကားခ(ကုန်စုံပစ္စည်း)အနေဖြင့်ယာဉ်အမျိုးအစားအလိုက်(၁၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၂၀၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၂၁၀)ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၁၆၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၇၀)ကျပ်ရှိသည်။

  မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်(ဧပြီလ(၁)ရက်နေ့မှဇူလိုင်လ(၁၀)ရက်နေ့ထိ)အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၁၅၉.၅၀၃)ကန်ဒေါ်လာသန်းသွင်းကုန် (၃၅၁.၈၆၂) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၅၁၁.၃၆၅)ကန်ဒေါ်လာသန်းရှိပြီး ယခင်နှစ်ကာလတူတွင်ပို့ကုန်(၂၉၀.၆၇၂)ကန်ဒေါ်လာသန်း၊ သွင်းကုန်(၃၇၆.၈၇၇)ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၆၆၇.၅၄၉)ကန်ဒေါ်လာသန်း ဆောင်ရွက်ခဲ့သဖြင့် ကာလတူနှိုင်းယှဉ်လျှင် ယခုဘဏ္ဍာနှစ်တွင် ယခင်နှစ်ကာလတူထက်ပို့ကုန်(၁၃၁.၁၆၉)ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂၅.၀၁၅) ကန်ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(၁၅၆.၁၈၄)ကန်ဒေါ်လာသန်း လျော့နည်းခဲ့သည်။

Source: https://commerce.gov.mm

Category: Local News