Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်နှင့် သွင်းကုန်ကုန်သွယ်နိုင်မှုအခြေအနေ

Last Updated:

     တာချီလိတ်မြို့နှင့် ကုန်သွယ်မှုဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံသည် ပြောင်းသီးနှံအားဖေဖော်ဝါရီမှ ဩဂုတ်လအထိပင်ရင်းနိုင်ငံအခွန်ကင်းလွတ်သက်သာခွင့်ကာလဖြစ်သည့်အတွက် ပြောင်းတင်ပို့ဆောင်ရွက်လျက်ရှိသည့် ကုန်သည်လုပ်ငန်းရှင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း)မှထွက်ရှိသည့် ပြောင်းများအားပို့ကုန်လိုင်စင်လျှောက်ထားရယူခြင်း၊ ပို့ကုန်ယာဉ်ဖြတ်သန်းသယ်ဆောင်ခွင့်ပြုလက်မှတ်လျှောက်ထားရယူခြင်း၊ ပို့ကုန်ကြေငြာလွှာဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိသည်။

    တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၁၁ ရက်နေ့ထိပြောင်းတန်ချိန် (၅၅၆၂.၆၀၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၇၂၉) သန်းတင်ပို့နိုင်ခဲ့ပြီးဖြစ်ပါသည်။ ပြောင်းဈေးအနေဖြင့် (၁၁-၇-၂၀၂၃)ရက်နေ့တွင် (၁၀.၄)ဘတ်ရှိပြီးယခုရက်ပိုင်းအတွင်း ပြောင်းဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်ဒေသသည် ပြည်မနှင့် အလှမ်းကွာဝေးပြီးလိုအပ်သောစားသောက်ကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးပစ္စည်းများ၊ စက်သုံးဆီများကိုတစ်ဖက်နိုင်ငံများမှ တဆင့်တင်သွင်းအသုံးပြုကြပါသည်။ ဆောက်လုပ်ရေးပစ္စည်းများအနက် ဘိလပ်မြေအားအဓိကတင်သွင်းပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တန်ဖိုးအမေရိကန်ဒေါ်လာ (၂၁.၃၉၈) သန်း၊ ၂၀၂၁-၂၀၂၂ (Mini Budget) တွင် တန်ဖိုးအမေရိကန်ဒေါ်လာ (၇.၇၃၈) သန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ဖိုးအမေရိကန်ဒေါ်လာ (၂၁.၀၈၀)သန်းတင်သွင်းခဲ့ပါသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လတင်သွင်းမှုအနေဖြင့် ၁-၇-၂၀၂၃ ရက်နေ့မှ ၁၁-၇-၂၀၂၃ ရက်နေ့အထိတန်ချိန် (၄၈၁၈.၂၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၃၈၇ သန်းတင်သွင်းခဲ့သည်။

Source: https://commerce.gov.mm

Category: Local News