Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အနီးစပ်ဆုံးကာလထက် (၂.၉၆၅) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့

Last Updated:

     ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ မှ (၁၄) ရက်နေ့ အတွင်းလုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၈.၀၃၆)ဒေါ်လာသန်းနှင့် သွင်းကုန်(၁၉.၅၅၁)ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၇.၅၈၇)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီးရေးအနေဖြင့် ပို့ကုန် (၅၇၀) စီး၊ သွင်းကုန် (၁၆၃၈)စီး ဆောင်ရွက်နိုင်ခဲ့သည်။

        ယခင်အပတ် ၂၀၂၃ ဇူလိုင်လ (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၈.၂၂၆)ဒေါ်လာသန်းနှင့် သွင်းကုန်(၁၆.၃၉၆)ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့်(၂၄.၆၂၂) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး(၀.၁၉၀) ဒေါ်လာသန်း လျော့နည်းခဲ့ပြီး သွင်းကုန်တန်ဖိုး(၃.၁၅၅)ဒေါ်လာသန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုမမာဏ အနေဖြင့် (၂.၉၆၅)ဒေါ်လာသန်း ​ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

      တင်ပို့သည့် ပို့ကုန်အမည်များအနက် ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ မြေပဲဆံ၊ ငြုပ်ကောင်းဖြူ၊ လက်ဖက်ခြောက်၊ ‌ရေ်ဘာ၊ ကြက်သွန်နီနှင့် CMP ပစ္စည်းများ ပိုမိုတင်ပို့ခဲ့သော်လည်း ဆန်ကွဲ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ ပဲယင်းနှင့် ပဲနီကြား၊ တင်ပို့မှုလျော့နည်းခဲ့သောကြောင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက (၀.၁၉၀)ဒေါ်လာသန်း လျော့နည်းခဲ့သည်။ တင်သွင်းသည့် သွင်းကုန်အမည်များအနက် ရင်းနှီးမြှပ်နှံမှုပစ္စည်းများအုပ်စုမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ၊ အခြားပစ္စည်းများ တင်သွင်းမှု ပိုမိုခဲ့သော်လည်း မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လယ်ထွန်စက်များ၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့် အပိုပစ္စည်းများ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ လေအေးစက်များ၊ စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ပိုမိုတင်သွင်းမှုကြောင့် ယခင်တစ်ပတ်ထက်(၀.၆၃၉)ဒေါ်လာသန်း ပိုမိုတင်သွင်းခဲ့သည်။

      လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ဓာတ်မြေသြဇာတင်သွင်းမှု ပိုမိုခဲ့သော်လည်း ဓါတုဗေဒပစ္စည်းများ၊ ဓါတ်ဆေးဆိုးဆေးများ၊ ဓာတ်မြေသြဇာများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သားရေ၊ သားရေတု ပြုပြင်ပြုလုပ်သောပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊  တင်သွင်းမှု ယခင်တစ်ပတ်ထက်(၀.၉၈၃) ဒေါ်လာသန်း တန်ဖိုး ပိုမိုတင်သွင်းခဲ့သည်။ လူသုံးကုန်ပစ္စည်းအုပ်စုတွင် ယခင်တစ်ပတ်ထက် အချိုမှုန့်များ၊ ချည်ထည်များ၊ အပ်ချည်ကြိုးများ၊ ဇာ၊ ဇာနှင့်ထိုးထားသော အထည်အလိပ်များ ယခင်တစ်ပတ်ထက် (၁.၅၃၃) ဒေါ်လာသန်းတန်ဖိုး ပိုမို တင်သွင်းခဲ့သည်။

    ယခုတစ်ပတ်တွင် အများဆုံးပို့ကုန်(၁၀)မျိုးမှာ ပဲတီစိမ်း (၃၄၄၅.၈၁)တန်၊ (၂.၅၂၇)ဒေါ်လာသန်း၊ ပဲယင်း (၂၀၈၉.၇၅)တန်၊ (၁.၆၇၈)ဒေါ်လာသန်း၊ ရာဘာ (၉၈၅.၇၅)တန်၊ (၁.၂၁)ဒေါ်လာသန်း၊ မြေထောက်ပဲ  (၈၄၉.၈၈၁)တန်၊ (၁.၁၉၇)ဒေါ်လာသန်း၊ ဆန်ကွဲ(၆၉၉.၂၅)တန်၊ (၀.၂၇)ဒေါ်လာသန်း၊ ရာဘာကြမ်း  (၃၂၆.၂၅) တန်၊ (၀.၂၅၉ )ဒေါ်လာသန်း၊ ပဲလွန်းဖြူ  (၃၃၉.၅)တန်၊ (၀.၂၁၅)ဒေါ်လာသန်း၊ ထောပတ်ပဲ(၁၃၆) တန်၊ (၀.၁၄၉)ဒေါ်လာသန်း၊ မြေပဲဆံ(၆၈)တန်၊ (၀.၁၀၈)ဒေါ်လာသန်း၊ စွန်တာနီပဲ(၁၅၃)တန်၊ (၀.၀၉၂) ဒေါ်လာသန်း ဖြစ် သည်။

      ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း (၆.၂၄၁) ဒေါ်လာသန်း၊ ချည်ထည်များ (၄.၀၇၈)ဒေါ်လာသန်း၊ ဓာတ်မြေသြဇာများ (၂.၆၅၂) ဒေါ်လာသန်း၊ အထည်အလိပ်များ (၁.၂၁၃)ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ(၁.၁၅၅)ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်း (၀.၈၁၇)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ း(၀.၇၀၃)ဒေါ်လာသန်း၊ လူသုံးကုန်အခြားပစ္စည်းများ (၀.၅၃၄) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၄၀၇)ဒေါ်လာသန်း၊ လေအေးပေးစက်များ(၀.၃၄၃) ဒေါ်လာသန်းဖြစ် သည်။ ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတတ်ကုန်ကားခ ပို့ကုန် တစ်ပိဿာ လျှင် (၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်း ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀)ကျပ် ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ၏(၁)တန် ဈေးနှုန်းမှာ  ဆန်(၃၂၀၀) ယွမ်းနှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀)ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်းနှုန်း ၊ ရာဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်(အစို )(၅၀၀၀)ယွမ်နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀) နှုန်း ရှိကြောင်းသိရှိရသည်။ မန္တလေး၊ လားရှိုး၊ သန္ဒီ၊ ကွမ်လုံ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်မျာ လွယ်ကူချောမွေစွာသွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News