Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

     လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်ဇူလိုင်လ ၁၂ နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၁၃၃.၅၀)တန်၊ တန်ဖိုး(၀.၀၆၀)ဒေါ်လာသန်း၊ ပြောင်း (၆၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၀)ဒေါ်လာသန်း၊ တစ်သျူးငှက်ပျော (၁၆.၀၀)တန်၊ တန်ဖိုး(၀.၀၀၅) ဒေါလာသန်း၊ ကြိမ်(၄၅.၅၅)တန်၊ တန်ဖိုး (၀.၀၂၈)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။ ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင်(၃၃၄)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀)ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရသည်။

   ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ဆေးနှင့်ဆေးပစ္စည်း (၅၀၅၉၆၀)U၊ တန်ဖိုး (၀.၀၃၀) ဒေါ်လာသန်း၊ ပလပ်စတစ်ဖျာ (၁၆.၀၀)တန်၊ တန်ဖိုး (၀.၀၁၁)ဒေါ်လာသန်း၊ သံပြား (၃၂.၀၀)တန်၊ တန်ဖိုး (၀.၀၂၃)ဒေါ်လာသန်း၊ ဓါတ်မြေဩဇာ (၂၅၃.၀၀)တန်၊ တန်ဖိုး (၀.၀၉၂)  ဒေါ်လာသန်း၊ ပိတ်လိပ် (၃၃.၂၀)တန်၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်း၊ ထွန်စက်(၁၄)U၊ တန်ဖိုး(၀.၀၅၆)ဒေါ်လာသန်း၊ ပလပ်စတစ်ထမင်းဘူး (၄.၅၀) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ လက်တွန်းထွန်စက် (၂၅) U၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ ကုန်စုံ (၂၁၈.၇၁)တန်၊ (၄၁၄၃၅) U၊ (၁၁၃၀၀) PR၊ တန်ဖိုး (၀.၂၁၇)ဒေါ်လာသန်း၊ ကော်စေ့(၁၃.၅၀)တန်၊ တန်ဖိုး(၀.၀၁၃)ဒေါ်လာသန်း၊ ပီနံအိတ်(၁၃.၅၀)တန်၊ တန်ဖိုး(၀.၀၁၁) ဒေါ်လာသန်း၊ ချည်(၉၆.၆၀)တန်၊ တန်ဖိုး(၀.၀၆၄)ဒေါ်လာသန်း၊ သွပ်ပြား(၁၆.၀၀)တန်၊ တန်ဖိုး(၀.၀၁၁) ဒေါ်လာသန်း၊ မြက်ခင်းတု (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ပလပ်စတစ်ကြိုး (၁၆.၀၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ရိတ်သိမ်းချွေလှေ့စက် (၂) U၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့သည်။

  သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဓါတ်မြေဩဇာ (Organic Fertilizer)တစ်တန်လျှင် (၂၅၀) ဒေါ်လာ၊ဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈) ဒေါ်လာ၊ ထွန်စက်တစ်စီးလျှင် (၄၀၀၀)ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင်(၇၉၇)ဒေါ်လာ၊ ကော်စေ့ တစ်တန်လျှင် (၁၀၀၀)ဒေါ်လာ၊ ရိတ်သိမ်းချွေလှေ့စက် တစ်စီးလျှင် (၇၂၀၀) ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

    ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်   လမ်းကြောင်းအတိုင်း   တင်ပို့လျက်ရှိပြီး သွင်းကုန်   ပစ္စည်းများအား  လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။

     လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေနဲ့ ၁၁-၇-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၂၉)ကျပ်ဖြစ်ခဲ့ပြီး ၁၆-၇-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၂၉)ကျပ်ဖြစ်၍မြန်မာကျပ်ငွေဈေး တည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News